DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၈ ဦး ထပ်မံတွေ့ရှိ
DVB
·
October 11, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၈ ဦး ထပ်မံတွေ့ရှိ
Donate to DVB

မကွေးတိုင်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ရန်ကုန် NHL ကို ပေးပို့ထားတဲ့ ဓာတ်ခွဲနမူနာ စစ်ဆေးချက်တွေအရ ရေနံချောင်းမြို့နယ်မှာ ၇ ဦး၊ မကွေးမြို့နယ်က ၂ ဦးနဲ့ နတ်မောက်မြို့နယ်က ၂ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မြို့နယ်အလိုက် Test Kits နဲ့ အမြန်စစ်ဆေးချက်တွေအရ အောင်လံမြို့နယ်က အမျိုးသမီး ၃ ဦး၊ သရက်မြို့နယ်က အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး နဲ့ နတ်မောက်မြို့နယ်က အမျိုးသမီး ၂ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ရန်ကုန် လှိုင်သာယာအထည်ချုပ်စက်ရုံက ပြန်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူနာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် သီးခြားထားရှိကုသပေးမှာဖြစ်ပြီး လူနာတွေနဲ့ ထိစပ်ခဲ့သူတွေအပါဝင်၊ သွားလာခဲ့တဲ့ ရပ်ကွက်/ကျေးရွာတချို့ကို အသွားလာကန့်သတ်ကာ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးတာတွေ လုပ်ဆောင်မယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

မကွေးတိုင်းမှာ မြို့နယ်အလိုက် Test Kits အရေအတွက် ၄၀၀၀ ဖြန့်ဝေထားပြီး အောက်တိုဘာ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ စစ်ဆေးချက်တွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ ဦးတွေ့ရှိထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၇ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၄၈ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013