DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်း “လင်ဖ” ဗီယက်နမ် ကမ်းခြေကို ယနေ့နေ့လယ် ဖြတ်ကျော်နိုင်
DVB
·
October 11, 2020
အပူပိုင်းမုန်တိုင်း “လင်ဖ” ဗီယက်နမ် ကမ်းခြေကို ယနေ့နေ့လယ် ဖြတ်ကျော်နိုင်
Donate to DVB

မြန်မာစံတော်ချိန် ၆:၃၀ နာရီ တိုင်းထွာချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်း “လင်ဖ” (Linfa) အဖြစ် ရောက်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ရဲ အရှေ့တောင်ဘက် ၁၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အဲဒီ အပူပိုင်းမုန်တိုင်း “လင်ဖ”(Linfa) ဟာ အနောက်ဘက်ကို ရွေ့လျားနေပြီး ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒီနေ့ နေ့လယ်ပိုင်း ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာလည်း နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာကာ တနင်္သာရီတိုင်းမှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်  ၈ ပေမှ ၁၁ ပေလောက် ရှိနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေက တစ်နာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက် ခန်းမှန်းချက်အရလည်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးထစ်ချုန်းမယ့် အခြေအနေ ဖြစ်ပေါ်နိုင်ပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်၊  ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013