DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ ကိုဗစ်လူနာအတွေ့များသည့် နေရာတချို့ကို လော့ဒေါင်းချ
DVB
·
October 10, 2020
ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ ကိုဗစ်လူနာအတွေ့များသည့် နေရာတချို့ကို လော့ဒေါင်းချ
Donate to DVB

ကချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာ ကိုဗစ်-၁၉ လူနာအတွေ့များတဲ့ နေရာတချို့ကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း ကျန်းမာရေးဦးစီးဌာနက ဒီနေ့ကစပြီး လော့ဒေါင်းသတ်မှတ် အမိန့်ထုတ်လိုက်ပါတယ်။

ကချင်ပြည်နယ်က ဖားကန့်မြို့နယ် တောင်ပြိုမှော်ရွာကို အဝင်အထွက် ကန့်သတ်တဲ့နေရာအဖြစ် သတ်မှတ်ပြီး အဲဒီမှာ နေသူတွေ အပြင်မထွက်ရသလို အပြင်က လူတွေလည်း အဲဒီနေရာကို မဝင်ရပါဘူး။

ပြည်တွင်းကူးစက် အတည်ပြုလူနာများလာတာ၊ လူနာနဲ့ထိတွေ့သူတွေ များလာတာကြောင့် အခုလို သတ်မှတ်ကန့်သတ်လိုက်တာဖြစ်ပြီး အောက်တိုဘာ ၂ ရက်ကလည်း အမိန့်ထုတ်ခဲ့တာကြောင့် ဒါဟာ ဒုတိယအကြိမ် ထပ်ထုတ်တာပါ။

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ အောက်တိုဘာ ၉ ရက်၊ မနေ့က ညနေ ၅ နာရီအထိ ကချင်ပြည်နယ်ထဲမှာ ပိုးတွေ့လူနာ ၅၄ ယောက်ရှိပြီး ဖားကန့်မှာ ၃၅ ယောက်တွေ့ထားပါတယ်။

လက်ရှိအချိန်ထိ အဖြေစောင့်ဆိုင်းဆဲကတော့ ၇၆၃ ယောက်ရှိပါတယ်။

ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ မအူပင်မြို့၊ အမှတ် ၉ ရပ်ကွက်၊ ပြည်သာယာ ၂ လမ်း (လမ်းတို)၊ ပြည်သာယာ ၄ လမ်း၊ မြနန္ဒာ ၄ လမ်းကနေ ၈ ရပ်ကွက် မြနန္ဒာ ၄ လမ်းအထိ၊ အမှတ် ၅ ရပ်ကွက်၊ ၅×၇ လမ်းကြား (လမ်းတို)၊ ကဝက္ကင်း ၆ အိမ်စုက ၂၆ အိမ်၊ ထရော်ပေကုန်း ကျုံကျိုက်က ၂၄ အိမ်၊ ပလောင်ကြီးက ဦးလင်းလင်းထွန်းရဲ့ ငါးကန်ဧရိယာတို့ကို ကန့်သတ်လိုက်ပါတယ်။

ဒီမနက်အထိ ဧရာဝတီတိုင်းထဲမှာ ကိုဗစ်လူနာ ၄၄၄ ယောက်တွေ့ထားပြီး မအူပင်မြို့မှာ လူနာသစ် ၅ ယောက် ထပ်တွေ့ပါတယ်။ ဆေးရုံတွေမှာတော့ လူနာ ၂၂၆ ယောက်ကို ကုသနေဆဲ ဖြစ်ပါတယ်။

အသွားအလာ ကန့်သတ်လိုက်တဲ့နေရာမှာ နေထိုင်သူတွေဟာ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ဖို့ဖြစ်ဖြစ်၊ အရေးပေါ်ကျန်းမာရေးကိစ္စအတွက်ဖြစ်ဖြစ် အသွားအလာကန့်သတ်နေရာက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

လိုက်နာဖို့ပျက်ကွက်တယ်ဆိုရင် အရေးယူခံရမယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013