DVB Logo
Home
ကျန်းမာရေး
WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်
DVB
·
October 10, 2020
WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်
Donate to DVB

လတ်တလော ကမ္ဘာကို ကိုင်လှုပ်နေတဲ့ အကြီးမားဆုံးသော ခြိမ်းခြောက်မှုက ကိုဗစ်ဟုတ်။ အခုချိန်ထိ ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးဘူးနော်။ ကူးစက်မှုက ပြင်းထန်သလို အဆိုးဆုံးက သေဆုံးနိုင်တယ်ဆိုတော့ ကိုဗစ်က ကြောက်စရာကောင်းနေပြီပေါ့။

တစ်ကမ္ဘာလုံး အလူးအလဲခံစားရမှာတော့ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံလေးကလည်း ကိုဗစ်ဒဏ်ကို အလူးအလဲ ခံနေရတာပေါ့။ အခုဒုတိယလှိုင်းက ကူးစက်မှု မြန်သလို အသေအပျောက်ကလည်း များလွန်းတာကြောင့် အခုချိန်မှာ အားလုံး မျှော်လင့်နေတာက ကိုဗစ် ကာကွယ်ဆေးဖြစ်မယ်ထင်ပါတယ်။

ကိုဗစ် ကာကွယ်ဆေးသာ ထွက်ပေါ်လာခဲ့ရင် အရင်လို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ဆုံတွေ့နိုင်မယ်။ ခရီးတွေသွားမယ်။ စိတ်လက်ပေါ့ပါးစွာနဲ့ အပြင်သွားမယ်ဆိုတဲ့ စိတ်ကူး လူတိုင်းမှာ ရှိနေနိုင်ပါတယ်။ ဒီတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က လူတိုင်း မျှော်လင့်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘာတွေ ပြောထားလဲ သိချင်နေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အရေးပါမှု အတိုင်းအတာ


ကိုရိုနာဗိုင်းရပ်စ်က အလွယ်တကူပြန့်နှံ့နေပါတယ်။ နိုင်ငံတကာက လူအများစုဟာ ရောဂါပိုးကို ခုခံနိုင်ဖို့ ကူရာကယ်ရာ မဲ့နေကြပါတယ်။ ဒီအတွက် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်နေထိုင်နေပေမယ့် မတော်တဆဆိုတဲ့ အခြေအနေအတွက် ကာကွယ်ဆေးက မဖြစ်မနေကို လိုအပ်နေတာပါ။

ကာကွယ်ဆေး မပေါ်ခင်မှာတော့ လူတွေဟာ ကိုယ်ခံအား ကောင်းစေဖို့အတွက် အာဟာရ ပြည့်ဝအောင် စားသောက်တာ၊ မတ်ခ်တပ်တာ၊ လူစုလူဝေးရှောင်ရှားတာနဲ့ တစ်ဦးနဲ့ တစ်ဦး ၆ ပေခွာနေတာတွေကို ကျင့်သုံးနေကြရပါတယ်။

ကာကွယ်ဆေးထုတ်လုပ်မှု ခြေလှမ်း


ကိုဗစ် ကာကွယ်ဆေးအတွက် သုတေသနပြုမှုတွေကို နေ့ညမလပ် လုပ်ဆောင်နေ​တာကြောင့် ကာကွယ်ဆေးက အစောပိုင်း အောင်မြင်မှု အဆင့်ကို ရရှိနေပါပြီ။ ကာကွယ်ဆေး စမ်းသပ်မှုပေါင်း ၄၀ မှာ ၉ ခုက လူသားတွေနဲ့ စမ်းသပ်တဲ့ အဆင့်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

  • အောက်စဖို့စ်က စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးမှာတော့ ကိုယ်ခံအားက တုံ့ပြန်မှု ရှိတာကို တွေ့ရပြီး ယူကေ တစ်နိုင်ငံတည်းကိုတင် ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ထောက်ပံ့သွားဖို့ စီစဉ်နေပါတယ်။

  • အမေရိကန်က လုပ်ဆောင်နေတဲ့ ကာကွယ်ဆေး လေ့လာမှုမှာတော့ မေလက လူသားတွေမှာ စမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီး antibodies ထွက်ရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

  • viral proteins ကို အသုံးပြုပြီး လုပ်တဲ့ စမ်းသပ်မှုမှာတော့ ကိုယ်ခံအား တုံ့ပြန်မှု ရရှိစေဖို့ ဆက်လက်လုပ်ဆောင်နေဆဲပါ။

  • တရုတ်ကထုတ်လုပ်တဲ့ ကာကွယ်ဆေးကတော့ စိတ်ချရတဲ့ အဆင့်ကို ရောက်ရှိပြီ ဖြစ်ပြီး antibodies ထွက်ရှိနိုင်မယ့် အနေအထားကို ရောက်ရှိပြီဖြစ်ပါတယ်။

  • အခြားသော ကာကွယ်ဆေးတွေကတော့ လူသားတွေမှာ စမ်းသပ်နိုင်ဖို့ ကြိုးပမ်းနေဆဲ အဆင့်ပါ။


အခုထိတော့ ဘယ်ကာကွယ်ဆေးက ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲဆိုတာကို အတိအကျ အဖြေထုတ်ဖို့တော့ ခက်နေဆဲပါ။

ကိုဗစ် ကာကွယ်ဆေး ဘယ်တော့လောက် ရနိုင်မလဲ။


ကာကွယ်ဆေး ထုတ်ဖို့ဆိုတာ ပုံမှန်အားဖြင့်ကတော့ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ဆယ်စုနှစ်တော့ မချီဘူးပေါ့။ အရင်က ကာကွယ်ဆေး ထွက်ပေါ်လာဖို့က အစောဆုံးအနေနဲ့ ၂၀၂၁ နှစ်လယ်ပိုင်းလို့ ကျွမ်းကျင်သူတွေ အားလုံးက ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အကြီးအကဲကတော့ ကိုဗစ်ကာကွယ်ဆေးဟာ ယခုနှစ် ကုန်ပိုင်းလောက်မှာ အသုံးပြုနိုင်မယ့် အခြေအနေ ရောက်ရှိမယ်လို့ အစည်းအဝေးမှာ ပြော​ကြားခဲ့ပါတယ်။

“ အခုနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးက အသင့်အနေအထားကို ရှောက်ရှိလိမ့်မယ်။ ဒါက ကျွန်တော်တိုရဲ့ မျှော်လင့်ချက်ပေါ့၊” လို့ ပြောကြားခဲ့ပါတယ်။

 ကာကွယ်ဆေး ထွက်ပေါ်လာခဲ့ရင်တောင် ဆက်လက် သတိထားရမယ့် ကိုဗစ်-၁၉


ကာကွယ်ဆေးက အခုနှစ်ကုန်ပိုင်းမှာ ထွက်ပေါ်မယ်ဆိုရင်တောင် ရောဂါကာကွယ်မှုတွေကို ရပ်တန့်လိုက်လို့ မရပါဘူး။ ကာကွယ်ဆေး ထွက်ပြီဆိုရင်တောင် တစ်ကမ္ဘာလုံး အတိုင်းအတာကို လုံလောက်ဖို့ အခက်အခဲ ရှိနိုင်သလို မြန်မာနိုင်ငံက လူဦးရေ အားလုံး ရရှိဖို့က အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရနိုင်ပါတယ်။

ဒါပေမယ့် ကာကွယ်ဆေးထွက်ပြီဆိုတာနဲ့ ကမ္ဘာ့နိုင်ငံငယ်လေးတွေကို ကာကွယ်ဆေး ထောက်ပံ့ပေးသွားဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကျောထောက်နောက်ခံ ပြုထားတဲ့ COVAX အစီအစဉ် ရှိနေတာက ဝမ်းသာစရာပါ။ ဒီအစီအစဉ်က ဖွံ့ဖြိုးဆဲ နိုင်ငံလေးတွေကို ကာကွယ်ဆေး လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

COVAX အနေနဲ့ အခုလက်ရှိမှာ ကကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုတွေကို ထောက်ပံ့ပေးနေပြီး ရင်းနှီးမတည်တာတွေ လုပ်ဆောင်နေပါတယ်။ ဆေးကုမ္ပဏီတွေနဲ့ ကာကွယ်ဆေး ဈေးနှုန်းကို ညှိနှိုင်းဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။

နောက်တစ်ချက်က နိုင်ငံတိုင်းမှာရှိနေတဲ့ ကိုဗစ် ကူးစက်ခံရနိုင်ခြေများနေသူတွေကိုလည်း ကာကွယ်ဆေးရရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးက အချိန်ကာလ ကွခြားနိုင်ပေမယ့် ရောက်ရှိလာမယ်ဆိုတာကတော့ သေချာသလောက်ပါ။

ဒီတော့ ကာကွယ်ဆေး ထွက်လာခဲ့ပြီဆိုရင် သတင်းကောင်းမို့ ဝမ်းသာရမှာ မှန်ပေမယ့် အမှန်တကယ် ဝမ်းသာနိုင်ဖို့ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့

  • အပြင်ထွက်ရင် မတ်ခ် တပ်တာ

  • လူစူလူဝေးရှောင်ရှားတာ

  • အာဟာရ ပြည့်ဝအောင် စားသုံးတာ

  • အိပ်ရေးဝဝအိပ်တာ

  • လက်ဆေးတာလိုမျိုး လက်ရှိမှာ ကျင့်သုံးလိုက်နာနေတဲ့ ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်သွားကြဖို့ ပြောပါရစေ။ ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်။ ကာကွယ်ဆေးမရနိုင်ခင်အထိ ကိုဗစ်ကာကွယ်မှုကို အကောင်းဆုံး လုပ်ဆောင်ရင်း တစ်ဦးတစ်ယောက်ကစလို့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ကာကွယ်လိုက်ပါ။


ရေးသားသူ Aye Thi Mon

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013