DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လူနာသစ် ၁၈ ဦးထပ်မံတွေ့ရှိ၊ လူနာဦးရေ ၄၀၀ ကျော်ထိရှိလာ
DVB
·
October 8, 2020
ဧရာဝတီတိုင်းတွင် လူနာသစ် ၁၈ ဦးထပ်မံတွေ့ရှိ၊ လူနာဦးရေ ၄၀၀ ကျော်ထိရှိလာ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ အောက်တိုဘာလ ၈ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာဦးရေ စုစုပေါင်း ၄၁၂ ဦး ရှိလာပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အတည်ပြုလူနာသစ် ၁၈ ဦးထဲမှာ မအူပင်မြို့နယ်က ၁၇ ဦးနဲ့ပုသိမ်က ၁ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မအူပင်က အတည်ပြုလူနာ ၁၇ ဦးကို မအူပင် ဆေးရုံနဲ့ ယာယီဆေးရုံတွေမှာ ကုသပေးနေ တယ်လို့ မအူပင်ခရိုင်ကျန်းမာရေးဌာနဦးစီးမှူး ဒေါက်တာ ခင်မာစိုးက ပြောပါတယ်။

အခုတွေ့ရှိတဲ့လူနာတွေဟာ သံသယလူနာတွေအပါအဝင် အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ခရိုင် ၆ ခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာတွေကို ကုသပေးဖို့အတွက်နေရာ ၁၅ နေရာ စီစဉ်ထားပြီး လူနာ ၇၇၅ ဦးလောက် ကုသပေးနိုင်မယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက  ပြောဆိုထားပါတယ်။

ဧရာဝတီတိုင်းအတွင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာထဲက အောက်တိုဘာလ ၈ ရက်နေ့အထိ လူနာ  ၁၈၂ ဦး ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံပြန်ဆင်းသွားပြီဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013