DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် Test Kits ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၇ ဦး ထပ်မံတွေ့ရှိ
DVB
·
October 8, 2020
မကွေးတိုင်းတွင် Test Kits ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၇ ဦး ထပ်မံတွေ့ရှိ
Donate to DVB

မကွေးတိုင်းမှာ အောက်တိုဘာ ၇ ရက်နေ့က Test Kits နဲ့ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

တိုင်းအတွင်း မြို့နယ်တွေအလိုက် Test Kits တွေနဲ့ ကိုဗစ်-၁၉ ရေဂါပိုးရှိမရှိ စစ်ဆေးချက်တွေအရ မကွေးမြို့နယ်၊ မကြီးကန် ယာယီယာဉ်ရပ်နားစခန်းက အမျိုးသား ၃ ဦး၊ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်က အမျိုးသား ၁ ဦး၊ ပခုက္ကူမြို့နယ် ပူပေါင်းစစ်ဆေးရေးဂိတ်က အမျိုးသား ၁ ဦး၊ မြို့သစ်မြို့နယ်နဲ့ တောင်းတွင်းကြီးမြို့နယ်က အနံ့မရတဲ့ အမျိုးသမီး ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက DVB ကို ပြောပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့ကလည်း Test Kits နဲ့ စစ်ဆေးရာမှာ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အမျိုးသား ၁ ဦးနဲ့ တောင်တွင်းကြီးမြို့နယ်က အနံ့ပျောက်တဲ့ အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အတည်ပြုလူနာတွေဟာ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ် ဘက်တွေက ဝင်ရောက်လာတာဖြစ်ပြီး မြို့သစ်မြို့နယ်က အမျိုးသမီးတစ်ဦးကတော့ ခရီးသွားရာဇဝင်မရှိဘဲ ရောဂါကူးစက်ခံရကာ လူနာနဲ့ဆက်စပ်ခဲ့တဲ့သူတွေကို အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာပေးပို့သွားမယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

မကွေးတိုင်း မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါရှိမရှိ နာရီပိုင်းအတွင်းစစ်ဆေးနိုင်တဲ့ Test Kits ၄၀၀၀ ဖြန့်ဝေထားပြီး နောက်ထပ် ၅၀၀၀ ထပ်မံဖြန့်ဝေသွားမယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်းမှာ အောက်တိုဘာ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၂ ဦး ရှိပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013