
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်က ကိုဗစ်-၁၉ လူနာ ၂ ဦးကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီလို့ ပြည်သူ့လွှတ်တော်ကိုစားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။
ကလေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဦးရှိပြီး ၈ ဦးကတော့ ဆေးရုံက ဆင်းခွင့်ရသွားပြီ ဖြစ်ပါတယ်။
ဆေးရုံကနေ ဆင်းခွင့်ရသူတွေဟာ ကျန်းမာရေးကောင်းမွန်နေပြီး သက်မှတ်ထားတဲ့ ၁၁ ရက်မှာ ရောဂါလက္ခဏာ မပြတာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဆင်းခွင့်ရတာ ဖြစ်ပါတယ်။
ဆေးရုံက ဆင်းခွင့်ရသူတွေကို သီတင်း တစ်ပတ်တိတိ နေအိမ်မှာ ကွာရန်တင်း ထားသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဒေါ်ရှားမီးက ပြောပါတယ်။
လက်ရှိ ဆေးရုံမှာ အတည်ပြုလူနာ ၁၉ ဦး ကျန်ရှိပြီး ရောဂါလက္ခဏာ မပြဘဲ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။
ကလေးမြို့မှာ ဒုတိယ ကိုဗစ်လှိုင်းကလာ အတည်ပြုလူနာ ၂၇ ဦးရှိပြီး ၂၂ ဦးဟာ ကလေးမြို့ စမ်းမြို့ရပ်ကွက်ကနေတွေ့တာဖြစ်ပြီး တခြားရပ်ကွက်တွေကတော့ အတည်ပြုလူနာတွေ့တာ မရှိသေးပါဘူး။
သတင်း- ပြည့်ဖြိုးကိုကို










