DVB Logo
Home
မြန်မာသတင်း
ပုသိမ် စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း ၃ ဦးထွက်ပြေး၊ ပစ်ခတ်ခံရသဖြင့် ၁ ဦးသေဆုံး
DVB
·
August 5, 2026
Photo: MOI
Photo: MOI
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ စစ်သင်တန်းတက်နေတဲ့ စစ်မှုထမ်းလူငယ် ၃ ယောက် ထွက်ပြေးရာမှ ပစ်ခတ်ဖမ်းဆီးခံရပြီး တယောက်သေ ဆုံး ၂ ယောက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာ၊ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆)မှာ စစ်မှုထမ်း သင်တန်းတက်နေတဲ့ လူငယ် ၃ ယောက် သြဂုတ် ၄ ရက်မနက်က ထွက်ပြေးရာမှ စစ်အာဏာရှင် တပ်ရဲ့ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခံရပြီး တယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာတွေ ရရှိခဲ့လို့ သိရပါတယ်။

စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “တန်းစီဖို့လုပ်တော့ လူလျော့သွားပြီး ပြေးသွားတာကို သိသွားတာ။ ချက်ချင်းဆိုသလို လိုက်ရှာကြတာ။ ရွှေမြင်တင်ရွာမှာပဲ ပြန်မိတာ။ ထွက်ပြေးလို့ သေနတ်နဲ့ ပစ်ဖမ်းတာ တယောက်ကဆုံးသွားတယ်” လို့ပြောပါတယ်။

ထွက်ပြေးတဲ့လူငယ် ၃ ယောက်ဟာ ရန်ကုန်တိုင်း၊ တွံတေးနဲ့ လှိုင်သာယာမြို့နယ်တွေဘက်ကနေ စစ်မှုထမ်းအမှတ် စဉ် ၂၇ တက်ဖို့အတွက် အဓမ္မစုဆောင်းပို့ဆောင်းခံထားရတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

တပ်အတွင်းအခြေအနေကိုသိရှိတဲ့ သတင်းရင်းမြစ်တယောက်က “ထွက်ပြေးတဲ့ ကောင်လေးတွေက လစာကောင်းတဲ့ အလုပ်ရမယ်ဆိုပြီး လိမ်လည်ပေါ်တာဆွဲ ခံရတာလို့ သိရတယ်။ အမှတ် ၆ ကနေ ထွက်ပြေးတဲ့ကိစ္စကို သတင်းဖုံးထားတယ်။ ဒဏ်ရာရ ၂ ယောက်ကို ဆေးကုပေးနေတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်အရာရှိတွေက ပုသိမ်စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေ ထွက်ပြေးတဲ့ စစ်မှုထမ်း တပ်သားတွေကို အသည်းအသန်လိုက်လံရှာဖွေကာ ပြန်ဖမ်းမိပါက နေပူ လှန်တာ၊ ကြိုးတုပ်ပြီး သတိလစ်တဲ့အထိ ရိုက်တာ၊ အစာအငတ်ထားတာ၊ အုတ်ခဲမ အပြစ်ပေးတာ၊ ခြေနဲ့လက်တွေကို ၇ ရက် ထိပ်တုံးခတ်ထားတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

လတ်တလောအနေနဲ့ ထွက်ပြေးတပ်သားသစ်တွေကို လိုက်လံရှာဖွေ ပစ်ခတ်သတ်ဖြတ် ထားတဲ့ အပြင် ကျန်တဲ့ စစ်မှုထမ်းတပ်သားတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး လက်ကိုင်ဖုန်း တွေလည်း သိမ်းယူထားတယ်လို့ ပုသိမ်အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့နီးစပ်သူက ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013