DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအသစ် ၉၈၇ ဦးတွင် ရန်ကုန်တိုင်းက ၈၉၆ ဦးပါဝင်
DVB
·
October 6, 2020
ကိုဗစ်-၁၉ လူနာအသစ် ၉၈၇ ဦးတွင် ရန်ကုန်တိုင်းက ၈၉၆ ဦးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၉၈၇ ယောက်အထဲမှာ  ၈၉၆ ယောက်က ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

ခုတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းမြို့နယ်တွေထဲက ဒလမြို့နယ်မှာ ၁၁၁ ယောက်၊ လှိုင်သာယာမြို့နယ်မှာ ၁၀၃ ယောက်နဲ့ အများဆုံးပါဝင်နေပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၁  ခုမှာ ၃၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ်    ၁၀ ခုမှာ အယောက် ၂၀၊ ပဲခူးတိုင်းမြို့နယ် ၇ ခုမှာ ၁၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၁၂ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၃ ယောက်၊ မကွေးတိုင်းမြို့နယ် ၃ ခုမှာ ၃ ယောက်၊ နေပြည်တော်က ၂ ယောက်၊ မွန်ပြည်နယ် ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ  ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၅ ရက်ည ၈ နာရီအထိ      ကိုဗစ်-၁၉ အတည်ပြု လူ နာစုစုပေါင်း ၁၈,၇၈၁  ယောက် ၊ သေဆုံးသူ ၄၄၄  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၅၅၄၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013