DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင် ၂၆၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ထိတွေ့သူ ၅၄၀၀ ကျော်ကို ကန့်သတ်စောင့်ကြည့်
DVB
·
October 6, 2020
ရဲတပ်ဖွဲ့ဝင် ၂၆၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ထိတွေ့သူ ၅၄၀၀ ကျော်ကို ကန့်သတ်စောင့်ကြည့်
Donate to DVB

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့က ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၂၆၅ ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး၊ သူတို့နဲ့ထိတွေ့သူ ၅၄၀၀ ကျော်ကို ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဒီဗွီဘီကို ပြောပါတယ်။

ရောဂါကူးစက်ခံရဲတပ်ဖွဲ့ဝင်တွေထဲမှာ ရန်ကုန်တိုင်းက ၁၆၅ ဦးနဲ့ အများဆုံးကူးစက်ခံထားရပြီး ရခိုင်ပြည်နယ်က ၇၃ ဦး၊ စစ်ကိုင်းတိုင်းက ၁၂ ဦး၊ နေပြည်တော်က ၁၀ ဦး၊ မွန်ပြည်နယ်က ၃ ဦး၊ ဧရာဝတီတိုင်းက  ၂ ဦး ဖြစ်ကြောင်းနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်မှုမရှိပါဘူး။ 

ကိုဗစ်-၁၉ ကူးစက်ခံရဲတပ်ဖွဲ့ဝင် ၂၆၅ ဦးထဲက လက်ရှိချိန်ထိ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရရှိသူ ရဲတပ်ဖွဲ့ဝင် ၆၄ ဦးရှိပြီး ၂၀၁ ဦးမှာ ဆေးရုံတက်ရောက်ကုသဆဲဖြစ်ပါတယ်။

ဒါ့အပြင် ကူးစက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ခဲ့သူ ရဲတပ်ဖွဲ့ဝင်၊ မိသားစုဝင်၊ အရပ်သားစာရေးဝန်ထမ်း စုစုပေါင်း ၅၄၆၁ ဦးကိုတော့ သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်နေပြီး၊ စောင့်ကြည့်ကာလပြီးဆုံးသူ ၂၀၄၈ ဦးရှိကြောင်း၊ ကျန်တဲ့ ၃၄၁၃ ဦးကတော့ ဆက်လက်စောင့်ကြည့်နေကြောင်း သိရပါတယ်။

လက်ရှိအချိန် ကိုဗစ်ကာလဖြစ်ပေမဲ့ ရဲလုပ်ငန်းတွေပုံမှန်အတိုင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်မင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ 

"မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကျတော့ ရပ်လိုက်လို့မရဘူး။ ရပ်လိုက်ရင်လည်း ခိုး၊ ဆိုး ၊ နှိုက်တွေက ပေါလာဦးမယ်။ အဲတော့ ပြည့်သူ့ဘဝလုံခြုံမှုကလည်း ထိခိုက်ဦးမယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က  လက်ရှိကတော့ ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းတွေက ပုံမှန်အတိုင်းပဲ ဆောင်ရွက်နေကြတာပေါ့။ ဒါပေမဲ့ လူချင်းထိတွေ့ပြီး ရှာဖွေတဲ့ကိစ္စတွေတော့ ဒီ ကိုဗစ်-၁၉ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရတာပေါ့။ "လို့  ရဲမှူးကြီးဇော်မင်းဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013