DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ကိုဝင်လာသည့် ကုန်တင်ကားများကို ယာဉ်မောင်းလဲလှယ်သည့်စနစ် ကျင့်သုံးမည်
DVB
·
October 6, 2020
ရှမ်းပြည်နယ်ကိုဝင်လာသည့် ကုန်တင်ကားများကို ယာဉ်မောင်းလဲလှယ်သည့်စနစ် ကျင့်သုံးမည်
Donate to DVB

ရှမ်းပြည်နယ်အတွင်း အပြင်ကလာသူတွေကို ဝင်ခွင့်မပေးဘဲ ကုန်တင်ယာဉ်တွေအားလုံးကို ယာဉ်မောင်းလဲလှယ်တဲ့ စနစ်နဲ့ အောက်တိုဘာ ၆ နေ့ စတင်လုပ်ဆောင်ဖို့ ရှမ်းပြည်နယ်အစိုးရက စီစဉ် နေပါတယ်။

ရှမ်းပြည်နယ်အစိုးရအတွင်းရေးမှူး ဦးနေလင်းက “ ရှမ်းပြည်နယ်အတွင်း လူအဝင်ဖြတ်ချင်တာ၊ ပြည်နယ်တွင်းက ဒရိုင်ဘာတွေကို စစ်ပေးမယ်။ Negative ပြတဲ့ ဒရိုင်ဘာနဲ့ချိန်းပြီး နယ်စပ်အထိ မောင်းရမယ်။ အဲဒီလူတွေပဲ တောက်လျှောက်မောင်းပို့ပေါ့။ ရှမ်းတောင်ကော ရှမ်းမြောက်ကော လူမဝင်ရအောင်လို့ပါ။ ခုစစ်ပေးနေတဲ့ rapid test kit ကလည်း ဘယ်နှစ်ရက်ခံတဲ့ Negative မှန်းလည်း မသိလို့ စိတ်မချရဘူး။ တခြားတိုင်းနဲ့ပြည်နယ်က တဝက်မောင်းလာပေါ့။ ကျန်တဲ့တဝက် ဒီဘက်က မောင်းမယ်။ သူတို့ဘာသာ အဆင်ပြေတဲ့နေရာက စောင့်ပေါ့။ ထိုင်းတို့၊ တရုတ်တို့ ဒီလိုစနစ်ပဲ လုပ်နေတာ” လို့ ပြောပါတယ်။

လက်ရှိ နောင်ချိုမြို့နယ် ဘန့်ဘွေးတိုးဂိတ်မှာ တန်းစီပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေ အားလုံးကိုတော့ Rapid Test Kit နဲ့ ကိုဗစ်-၁၉ စစ်ဆေးပေးမှာဖြစ်ပြီး နယ်စပ်မှာ တန်းစီနေတဲ့ ကုန်ကားတွေအားလုံးလည်း ပြန်လွှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်အသင်းဝင် တဦးကတော့   “ ဒရိုင်ဘာချိန်းတဲ့နေရာ ကျန်းမာရေး၊ လုံခြုံရေး‌ အခက်အခဲနဲ့ တရုတ်ပြည်ထိ အသွားအပြန် အချိန်ကြန့်ကြာမှုကြောင့် စောင့်ရကြာရင် အဆင်ပြေပါ့မလား။ ကားသမားတွေ မကျေနပ်ချက်များလာမယ်။ ကုန်စိမ်း၊ ပုပ်သိုးကုန်‌၊ ရေထွက်ကုန်များဟာ အကုန်ဆုံးရှုံးသွားခဲ့ဖူးလို့ ဒါက အများလိုက်နာနိုင်မယ့် ညွှန်ကြားချက်ဖြစ်ပါ့မလားလို့ စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

လက်ရှိ ဘန့်ဘွေးဂိတ်မှာ တန်းစီးနေတဲ့ တွဲကားဒရိုင်ဘာ ကိုစိုင်းက “ကိုယ့်ကားကို သူများနဲ့ ထည့်ရလို့ ကုန်ကော ကားကော တခုခုဖြစ်လာရင် ဘယ်သူတာဝန်ယူမလဲ”လို့ မေးခွန်းထုတ်လာပါတယ်။

ရှမ်းပြည်နယ်ထဲ ဝင်ရောက်လာသူတွေကို အောက်တိုဘာ ၃ ရက်ကစပြီး  ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ထောက်ခံစာပါမှ ဝင်ခွင့်ပေးခဲ့ပါတယ်။

အဝေးပြေးကုန်တင်ယာဉ် မောင်းနှင်တဲ့ ဒရိုင်ဘာနဲ့ စပယ်ယာတွေကို နောင်ချို၊ ကလော၊ ကွမ်လုံ၊ မူဆယ်တို့မှာ ဆေးစစ်ပေးခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ  ပိုးတွေ့လူနာ ၆ ဦး၊ ရှမ်းမြောက်မှာ  ၃ ဦး၊ ပေါင်း ၉ ဦး ရှိခဲ့ပါတယ်။

သတင်း- နန်းစပယ်၊ ဓာတ်ပုံ - Eagle White၊ ခွာညိုသစ်သီးပွဲရုံ၊ Sai Kham Leng/Thar Zaw 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013