DVB Logo
Home
မြန်မာသတင်း
မွန်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို ထောင်ဒဏ် ၁ လ အမိန့်ချအရေးယူနေ
DVB
·
October 5, 2020
မွန်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို ထောင်ဒဏ် ၁ လ အမိန့်ချအရေးယူနေ
Donate to DVB

မွန်ပြည်နယ်မှာ ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၁၁ ဦးအား ထောင်ဒဏ် ၁ လစီ အမိန့်ချ အရေးယူခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စက်တင်ဘာ ၂၅ ရက်နေ့နဲ့ ကျိုက်ထိုမြို့နယ်ကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့တွေမှာ ညမထွက်ရအမိန့်ကို စတင် ထုတ်ပြန်ထားတာပါ။

အောက်တိုဘာ ၅ ရက်နေ့အထိ ညမထွက်ရအမိန့် ဖောက်ဖျက်သူ မော်လမြိုင်မြို့နယ်က ၉ ဦး၊ ဘီးလင်းမြို့နယ်က ၂ ဦး၊ စုစုပေါင်း ၁၁ ဦးကို အလုပ်မဲ့ ထောင်ဒဏ် ၁ လ အမိန့်ချ အရေးယူထားတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညားထာတဲ့အမိန့်ကို ဖီဆန်ခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ နဲ့ အရေးယူနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်ဟာ ရောဂါအများဆုံး တွေ့ရှိထားတာပါ။ ဒါကြောင့် ကိုဗစ်ကပ်ရောဂါ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို ပြည်သူတွေလိုက်နာပေးကြဖို့ လိုတယ်လို့ ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က ပြောပါတယ်။

ဒါ့အပြင် ညမထွက်ရ အမိန့်ဖောက်ဖျက်သူတွေကို အခုလို တရားစွဲအရေးယူနေတာဟာ ကိုဗစ်ကပ်ရောဂါ အများဆုံး ထိန်းချုပ်ချင်လို့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

ညမထွက်ရအမိန့်အရ နေ့စဉ် ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားတဲ့ အချိန်အတွင်း နေအိမ်အပြင်ထွက်ပါက အရေးယူခံရာမှာ ဖြစ်ပါတယ်။ ဒီညမထွက်ရ အမိန့်ဟာ စတင်ထုတ်ပြန်တဲ့ နေ့ကစပြီး ၂ လတိတိ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

သတင်း - ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013