DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ကို Lockdown လုပ်ရန်  အစီအစဉ်မရှိသေး 
DVB
·
October 5, 2020
ရန်ကုန်ကို Lockdown လုပ်ရန်  အစီအစဉ်မရှိသေး 
Donate to DVB

ကိုကိုးကျွန်းကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ Stay at Home  အမိန့်ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးကို Lockdown အပြည့်ချဖို့ အစီအစဉ် မရှိသေးဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကို  အောက်တိုဘာ ၅ ရက်နေ့ တနင်္လာနေ့က စတင်ပြီး Lockdown ပြုလုပ်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးက ငြင်းဆိုလိုက်တာပါ။

ရန်ကုန်ကို Lockdown ပြုလုပ်မှာမဟုတ်ဘဲ stay at  home ကိုသာ တင်းတင်းကျပ်ကျပ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ဦးဇော်ဌေးက “ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ လတ်တလောမှာ ရန်ကုန်ကို Complete Lockdown လုပ်ဖို့မရှိသေးပါဘူး။ ယခင်ထုတ်ပြန်ထားတဲ့အတိုင်း Strictly Stay at Home ကိုပဲ ကြပ်ကြပ်မတ်မတ် လိုက်နာဆောင်ရွက်ခိုင်းထားပါတယ် ” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှု မြင့်တက်လာခဲ့ပြီးနောက် စက်တင်ဘာလဆန်းပိုင်းကစလို့  ကိုကိုးကျွန်းကလွဲပြီး ကျန်တဲ့ မြို့နယ်အားလုံးမှဦ  Stay at Home အဖြစ် ကြေညာထားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၄ ရက်ညပိုင်း ၈ နာရီအထိ  ကိုဗစ်-၁၉ အတည်ပြုလူနာ ပေါင်း  ၁၇၇၉၄  ယောက်တွေ့ ရှိထားရာမှဦ  ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်နေပြီး စက်တင်ဘာ ၃ ရက် တစ်ရက်တည်း ရန်ကုန်တိုင်းမှာ  အတည်ပြုလူနာ ၁၀၄၆ ဦးတွေ့ရှိထားပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013