DVB Logo
Home
မြန်မာသတင်း
‘သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေရှိရင် သင့်အားမဲပေးမည်’ကမ်ပိန်း လွိုင်ကော်တွင် ပြုလုပ်
DVB
·
October 4, 2020
‘သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေရှိရင် သင့်အားမဲပေးမည်’ကမ်ပိန်း လွိုင်ကော်တွင် ပြုလုပ်
Donate to DVB

“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများရှိပါက သင့်အားမဲပေးမယ်” ဆိုတဲ့ ကမ်ပိန်းတခုကို လွိုင်ကော်မြို့မှာ ကျင်းပခဲ့ပါတယ်။

လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က စက်ဘီးစီးသူများအဖွဲ့ကနေပြီး အောက်တိုဘာ ၃ ရက်နေ့က လွိုင်ကော်မြို့တွင်း လှည့်ကာ စက်ဘီးစီးကမ်ပိန်း ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

“သဘာပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများရှိပါက သင့်အားမဲပေးမည်” ဆိုတဲ့ ကမ်ပိန်းကို အောက်တိုဘာလ ၃ ရက်နေ့က တနိုင်ငံလုံးအတိုင်းတာနဲ့ ပြုလုပ်ကြသလို လွိုင်ကော်မြို့မှာလည်း အဓိကအားဖြင့် သဘောဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေက ကမ်ပိန်း လုပ်ဆောင်ခဲ့တာလို့ လွိုင်ကော်စက်ဘီးစီးသူများ အဖွဲ့ဝင်ကို မျိုးမြတ်က ပြောပါတယ်။

“ကျနော်တို့ စက်ဘီးစီးတဲ့အဖွဲ့က သဘဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတယ်။ ဒီနေ့က ကျနော်တို့က သဘဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးရုံနဲ့မပြီးဘူးပေါ့နော်။ လက်ရှိ နိုင်ငံရေး၊ လက်ရှိဥပဒေတွေနဲ့ပါ ထိန်းသိမ်းဖို့ လိုအပ်တယ်ပေါ့နော်။ ကျနော်တို့ လူကြီးထိန်းလို့မရဘူး မူဝါဒတွေနဲ့မှပါ ထိန်းလို့ရတယ်ပေါ့နော်။ အဲတော့ တနိုင်ငံလုံးအတိုင်းအတာ စက်ဘီးသမားတွေကလည်း စက်ဘီးစီးကြတယ်၊ တချို့ profile ပြောင်းကြတာတို့၊ frame ချိန်းကြတာလို့ ကျနော်တို့ အဲလို ကမ်ပိန်းလုပ်ပါတယ်။ ကျနော်တို့ မဲပေးတဲ့အချက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေရှိတဲ့ပါတီတွေကို မဲပေးဖို့အတွက်ကို ကမ်ပိန်းလုပ်ရခြင်း ဖြစ်ပါတယ်။”

ပါတီတော်တော်များများက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ မူဝါဒတွေ ရေးသားထားတာ ရှိပေမယ့် သူတို့အနေနဲ့ တကယ့်အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“ကျနော်တို့လည်း ပါတီတော်တော်များများရဲ့ မူဝါဒလေ့လာကြည့်တော့ ရေးထားတာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ကကျတော့ စာရွက်ပေါ်မှာပဲ ဒီတိုင်းရေးထားတဲ့ဟာ၊ မဲဆွယ်တဲ့အခါပဲ ပြောတဲ့ဟာမျိုး မဖြစ်စေချင်ဘူးပေါ့နော်။ မူဝါဒဆိုတာ တကယ်တမ်း ပြောရရင်တော့ ရှိကိုရှိရမယ်။ ရှိလည်းရှိသင့်တယ်။ ဒါပေမဲ့လည်း ဒီစီမံခန့်ခွဲမှုထဲမှာ ထည့်သွင်းပြီးတော့မှ လက်တွေ့လုပ်ဆောင်ဖို့ အရမ်းအရေးကြီးတာပေါ့။ ဆိုတော့ ကျနော်တို့က မူဝါဒလို့ ပြောတဲ့နေရာမှာ တကယ်လက်တွေ့အကောင်အထည်ဖော်ဖို့၊ တကယ်စီမံခန့်ခွဲဖို့အတွက်ကို ကျနော်တို့က ပြောခြင်းဖြစ်ပါတယ်။ ဆိုလိုတာက သဘာဝအရင်းအမြစ်ဆိုတာ သုံးရပါမယ်။ ဒါပေမဲ့ မဖြုန်းဘူးဆိုတဲ့ စီမံခန့်ခွဲမှုမျိုး၊ သုံးမယ်။ ဒါပေမဲ့ အကျိုးရှိရှိသုံးမယ်၊ ပြည်သူအတွက်ကော၊ တိုင်းပြည်အတွက်ကော၊ အသုံးချမယ့် မူဝါဒမျိုး၊ လုပ်ဆောင်ချက်မျိုး စီမံခန့်ခွဲမှုမျိုးကို ကျနော်တို့ ပိုပြီးတော့မှ မျှော်လင့်တဲ့အခြေအနေတရပ် ဖြစ်တယ်ပေါ့နော်။”

ဒီစက်ဘီးစီးကမ်ပိန်းမှာ ဆယ်ကျော်သက်ကနေ အသက် ၇၀ လောက်ခန့်ထိ ရှိတဲ့ လူ ၂၀ ခန့်က မြို့တွင်း လှည့်ပတ်စီးနင်းကြတာဖြစ်ပြီး “သဘာပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများရှိပါက သင့်အား မဲပေးမည်” ဆိုတဲ့ ဆင်တူ တီရှပ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013