Home
သတင်းဓာတ်ပုံ
နိုင်ငံခြားသွားမည့်သူများ PPE ဝတ်စုံဖြင့် ရန်ကုန် NHL ရှေ့တွင်စောင့်ဆိုင်းနေ (ဓာတ်ပုံ)
ညီငယ်
·
October 2, 2020
120276788_3526337670760074_7056253387695632579_o
120580695_3526337554093419_893120116027665560_o
120503494_3526337530760088_574859254678355011_o
120497430_3526337687426739_634700995700104151_o
120425929_3526337664093408_7959981034664892110_o
120286743_3526337630760078_5796587940292718209_o
ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့  ကိုဗစ်-၁၉ စစ်ဆေးဖို့ဆိုပြီး ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရှေ့မှာ PPE ဝတ်စုံတွေဝတ်ပြီး စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။  စောင့်ဆိုင်းနေသူတွေအထဲမှာ နိုင်ငံခြားမှာအလုပ်သွားလုပ်မယ့်မြန်မာတွေအပြင် နိုင်ငံခြားသားတွေလည်းပါဝင်ပြီး အများစုကတော့ တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။  ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) မှာ  ပတ်စ်ပို့ မိတ္တူ ၊ လေယာဉ်လက်မှတ် မိတ္တူ ဒါမှမဟုတ် print ထုတ်ထားတဲ့ e-ticket နဲ့ မြန်မာကျပ် ၂ သိန်း လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်နိုင်ငံတွေကို သွားမယ့် သူတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေနဲ့ အတည်ပြုလိုက်ပါခွင့်ရရှိသူတွေကိုပဲ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ  စစ်ဆေးပေးတာဖြစ်ပါတယ်။ ပြည်ပထွက်ခွာမယ့်သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအတွင်း ယူပြီး ဓာတ်ခွဲအဖြေတွေကိုတော့ နောက်တစ်နေ့ ညနေ ၃ နာရီမှ ၄ နာရီအတွင်း ထုတ်ပေးမှာဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ထုတ်ပြန်ထားပါတယ်။ Photo Credit- ရွှေအင်းသားခင်မောင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024