DVB Logo
Home
မြန်မာသတင်း
PPE ဝတ်စုံဝတ် ပြည်တွင်းလေကြောင်း ခရီးသည်များ (ဓာတ်ပုံ)   
DVB
·
December 18, 2020
PPE ဝတ်စုံဝတ် ပြည်တွင်းလေကြောင်း ခရီးသည်များ (ဓာတ်ပုံ)   
1 / 10
Donate to DVB

ပြည်တွင်း လေကြောင်းခရီးစဉ်တွေ   ပြန်လည်ပြေးဆွဲနေရာမှာ  လေကြောင်းလိုင်းတွေနဲ့ လိုက်ပါကြမယ့် ခရီးသည်တချို့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့ PPE ဝတ်စုံတွေ ဝတ်ပြီး ခရီးသွားနေတာကို မြင်တွေ့ရပါတယ်။

တချို့ခရီးသည်တွေကတော့ ပုံမှန် နှာခေါင်းစည်း Mask နဲ့ မျက်နှာအကာတွေ ဝတ်ဆင်ခရီးသွားကြတာရှိသလို လေကြောင်းလိုင်း အမှုထမ်းတွေနဲ့ လေယာဉ်ကွင်းဝန်ထမ်းတွေ ကလည်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask နဲ့ မျက်နှာအကာတွေ တပ်ဆင်တာတွေ့ရပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ လေယာဉ်စီးခရီးသည်တွေ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP)နဲ့ အညီဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ 

ပြည်တွင်းလေကြောင်းခရီးသွားတွေအနေနဲ့ ၃၆ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း လက်မှတ်၊ လေယာဉ်လက်မှတ်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပြသနိုင်မှသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမယ်လို့ ရန်ကုန် လေဆိပ်က ကြေညာထားပါတယ်။

Photo - Nyein Chan Oo / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013