DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အတည်ပြုလူနာ ၈၈ ဦးထပ်တိုး၊ စုစုပေါင်း ၃၀၀ ကျော်ရှိလာ
DVB
·
October 1, 2020
ဧရာဝတီတိုင်းတွင် အတည်ပြုလူနာ ၈၈ ဦးထပ်တိုး၊ စုစုပေါင်း ၃၀၀ ကျော်ရှိလာ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ စက်တင်ဘာ ၃၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၈ ဦးထပ်တိုးခဲ့ပြီး အတည်ပြုလူနာဦးရေ ၃၂၂ ဦးထိ ရှိလာပြီဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေ သိရပါတယ်။

ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ် ၈၈ ဦးမှာ အများဆုံးက မအူပင်မြို့နယ်ကဖြစ်ပြီး အတည်ပြုလူနာ ၅၇ ဦးထိ တွေ့ရှိခဲ့တာပါ။

ဧရာဝတီတိုင်း ပြည်သူကျန်းမာရေး ဦးစီးဌာနရဲ့ အောက်တိုဘာ ၁ ရက်နေ့ မနက် ၉ နာရီ သတင်းထုတ်ပြန်ချက်အရ မအူပင်မြို့နယ်မှာ ၅၇ ဦး၊ ပုသိမ်မြို့နယ်မှာ ၂၇ ဦး၊ ညောင်တုန်းမြို့နယ်နဲ့ ဝါးခယ်မမြို့နယ်တို့မှာ ၂ ဦးစီ တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ခရိုင် ၆ ခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ တွေကို ကုသပေးဖို့အတွက်နေရာ ၁၅ နေရာ စီစဉ်ထားပြီး လူနာ ၇၇၅ ဦးလောက် ကုသပေးနိုင်မယ်လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားထားပါတယ်။

ဧရာဝတီတိုင်းအတွင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာထဲက အောက်တိုဘာလ ၁ ရက်နေ့အထိ လူနာ  ၉၁ ဦး ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013