DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုတွင် မြန်မာက မလေးရှားထက် ကျော်လွန်လာ
DVB
·
September 30, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုတွင် မြန်မာက မလေးရှားထက် ကျော်လွန်လာ
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကာလမှာ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်လာနေတဲ့  မြန်မာနိုင်ငံဟာ မလေးရှားနိုင်ငံထက် ရောဂါကူးစက်ခံရသူ အရေအတွက်ရော သေဆုံးသူဦးရေပါ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၃၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ဦးရေ ၁၃,၃၇၃ ယောက်ရှိပြီး သေဆုံးသူက   ၃၁၀ ယောက်အထိရှိနေတာပါ။ မလေးရှားနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၁,၂၂၄ ယောက်နဲ့ သေဆုံးသူ ၁၃၆ ယောက် ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၃၁၁,၆၉၄ ယောက်နဲ့ သေဆုံးသူ ၅,၅၀၄ ယောက်ရှိနေပြီး အင်ဒိုနီးရှားနိုင်ငံမှာ တော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ  ၂၈၇,၀၀၈ ယောက်နဲ့ သေဆုံးသူ ၁၀,၇၄၀ ယောက်ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၇၆၅ ယောက်နဲ့ ကူးစက်မှုမြင့်တက်နေပေမယ့် သေဆုံးသူအရေအတွက်ကတော့ တိုးမလာပဲ ၂၇ ယောက် မှာတင် ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူ အရေအတွက် ၃,၅၆၄ ယောက်နဲ့ သေဆုံးသူ  ၅၉ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၀၉၄ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၄၆ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၂၇၇ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိ သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင် မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၃၃ ဒသမ ၈ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၁ သန်းကျော်ရှိလာပြီဖြစ်တယ်လို့  Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၂၁၀,၇၉၇ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၉၇,၅၄၁ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၁၄၃,၀၁၀ ယောက်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေပါတယ်။

ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၄၀၃ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိနေပြီး အဆင့် ၄၄ အထိ ကျဆင်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013