DVB Logo
Home
မြန်မာသတင်း
တရားမဝင်သစ်သွားဖမ်းသည့် သစ်တောအရာရှိ၏ကားကို ဓားဖြင့်ခုတ်ပြီး ဟန့်တားနှောင့်ယှက်
DVB
·
September 28, 2020
တရားမဝင်သစ်သွားဖမ်းသည့် သစ်တောအရာရှိ၏ကားကို ဓားဖြင့်ခုတ်ပြီး ဟန့်တားနှောင့်ယှက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်ရှိ မြောက်ဇာမရီသစ်တောကြိုးဝိုင်းအတွင်းကို တရားမဝင်သစ်တွေ ဖမ်းဆီးဖို့ သွားရောက်ခဲ့တဲ့ သစ်တောအရာရှိရဲ့ကားကို လူတစ်စုက ဓားနဲ့တိုက်ခိုက် တားဆီးခဲ့တယ်လို့   သစ်တောဦးစီးဌာနက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် ည ၁၁ နာရီလောက်က စိန်ကန့်လန့်-မြို့ချောင်းကားလမ်း မိုင်တိုင်-၃၂ အရောက်မှာ သစ်တောအရာရှိရဲ့ ကားကို  ကား ၄ စီးနဲ့ လူ ၉ ဦးက လိုက်လံ တားဆီးကာ ဓားနဲ့ခုတ်ပြီး ဟန့်တားနှောင့်ယှက်ခဲ့တာဖြစ်ပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးဝင်းမြင့်နိုင် က "တရားမဝင်သစ်ကို ဖမ်းဆီးပြီး သယ်ယူဖို့ တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ  ဦးဝင်းထွန်းနဲ့ အဖွဲ့က ကျနော့်ကို လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ အခုလို လုပ်တဲ့အတွက် တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်သွားမှာ ဖြစ်ပါတယ်၊ ကျနော့်ကားBlack Boxမှာလည်း သူခုတ်တဲ့ သက်သေ အထောက်အထား vodeo file ကျန်ခဲ့ပါတယ်၊ အဲ့ဒါတွေနဲ့ ကျနော် ဦးဝင်းထွန်းနဲ့ အပေါင်းအပါ ၈ ဦး ကို ရဲစခန်းမှာ အမှုဖွင့်မှာ ဖြစ်ပါတယ် " လို့  ဒီဗွီဘီကို ပြောပါတယ်။

မြောက်ဇာမရီသစ်တောကြိုးဝိုင်းအတွင်းမှာ တရားမဝင်သစ်မှောင်ခိုဂိုဏ်းတွေကနေ သစ်ခိုးထုတ်မှုတွေ ရှိနေတာကြောင့် သာယာဝတီခရိုင်အတွင်း မြို့နယ် ၈ ခုက ဦးစီးအရာရှိ ၈ ယောက်ကို စစ်ကြောင်းမှူးတွေအနေနဲ့ တာဝန်ပေးအပ်ပြီး အလှည့်ကျ တာဝန်ယူဆောင်ရွက် ရတာဖြစ်ကြောင်းနဲ့ မြောက်ဇာမရီကြိုးဝိုင်းအတွင်း စစ်ကြောင်းမှူးတာဝန်နဲ့ သွားရောက် ဖမ်းဆီးခဲ့ရာမှ အခုလို ခြိမ်းခြောက်အကြမ်းဖက်ခံရတာလို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဝင်းထွန်းနဲ့ ၈ ဦးကို ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမြင့်နိုင်က စက်တင်ဘာ ၂၇ ရက်မှာ  တရားလိုပြုလုပ် တိုင်တန်းကာ လက်ပံတန်းမြို့မရဲခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၄ ၊ ၃၅၃၊ ၄၂၇၊ ၁၁၄ တို့နဲ့ အမှုဖွင့်လှစ်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ လက်ပံတန်းမြို့မရဲစခန်းက သိရပါတယ်။ 

သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - လက်ပံတန်းသစ်တော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013