DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သို့ တရားမဝင်ပို့မည့် တရုတ်နိုင်ငံလုပ် Mask ၇၀၀၀၀ မဲဆောက်တွင်ဖမ်းမိ  
DVB
·
September 28, 2020
မြန်မာပြည်သို့ တရားမဝင်ပို့မည့် တရုတ်နိုင်ငံလုပ် Mask ၇၀၀၀၀ မဲဆောက်တွင်ဖမ်းမိ  
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာပြည်ဘက်ကို တရားမဝင် မှောင်ခိုတင်ပို့ရောင်းချမယ့် တရုတ်နိုင်ငံထုတ် MASK (နှာခေါင်းစည်း) ပေါင်း ၇၀၀၀၀ လောက် ဖမ်းဆီးရမိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မဲဆောက်မြို့ မယ်ကုရပ်ကွက်ထဲရှိ အိမ်တစ်အိမ်မှာ မြန်မာပြည်ကိုတင်ပို့မယ်လို့ ယူဆရတဲ့ Mask မြောက်အမြား သိုလှောင်ထားကြောင်း သတင်းပေးချက်ရရှိတဲ့အတွက် အမှတ် ၄ စစ်တိုင်း ဒေသ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်လုံခြုံရေးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ  စက်တင်ဘာ ၂၇ ရက် ည ၁၀ နာရီလောက်က အဆိုပါအိမ်ကိုသွားရောက်စစ်ဆေးခဲ့တယ်လို့  အမှတ် ၄ စစ်တိုင်းဒေသ တပ်ရင်းမှူး ဗိုလ်မှူးကြီး ပရဆန် ဟင်ပရဆစ်က သတင်းထောက်တွေကို ပြောပါတယ်။ 

စစ်ဆေးချက်အရ ကတ်ဖာပေါင်း ၂၈ ဖာထဲထည့်ထားတဲ့ တရုတ်နိုင်ငံလုပ် Mask ၇ သောင်းလောက်ကို တွေ့ရှိရပြီး၊ အခွန်ရှောင်ပစ္စည်း ဒါမှမဟုတ် တရားမဝင် ဝင်ရောက်လာတဲ့ ပစ္စည်းတွေ ဖြစ်ကြောင်း၊   လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအရှိန်မြင့်နေ တာ ကြောင့် မဲဆောင်တဘက်ကမ်း မြဝတီကနေတဆင့် မြန်မာပြည်အတွင်းပိုင်းဘက် ဖြန့်ဖြူးမယ်လို့  ယူဆရကြောင်း ဗိုလ်မှူးကြီး ပရဆန် ဟင်ပရဆစ်က ပြောပါတယ်။ 

ပစ္စည်းပိုင်ရှင်ကိုတော့ မတွေ့ရတဲ့အတွက် မဲဆောက်မြို့နယ်အကောက်ခွန်ဌာနနဲ့ ဆက်သွယ် ဆောင်ရွက်နေပြီး ပြစ်မှုထင်ရှားပါက  ထိုင်းနိုင်ငံအကောက်ခွန်ဥပဒေ ပုဒ်မ ၁၆၇ နဲ့ အမှုဖွင့်အရေး ယူသွားမယ်လို့   ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။ 

ကိုးကား- Banmuang/ Matichon

ကိုးကား - https://www.banmuang.co.th/news/region/207406

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013