DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် လူပေါင်း ၈,၀၀၀ ခန့် ကိုဗစ်-၁၉ စစ်ဆေးပြီးစီး 
DVB
·
September 28, 2020
ကချင်ပြည်နယ်တွင် လူပေါင်း ၈,၀၀၀ ခန့် ကိုဗစ်-၁၉ စစ်ဆေးပြီးစီး 
Donate to DVB

ကချင်ပြည်နယ်မှာ မနေ့ကအထိ လူပေါင်း ၈,၀၀၀ လောက်ကို ကိုဗစ်-၁၉ စစ်ဆေးခဲ့ပြီး လက်ရှိ လူပေါင်း ၆၀၀ လောက် ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေပါတယ်။

ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းကို နမူနာပေးပို့စစ်ဆေးခဲ့တာ ၇,၇၃၆ ယောက်၊ မန္တလေးကို ပေးပို့ခဲ့တာ ၁၂၁ ယောက်၊ မြစ်ကြီးနားဆေးရုံကြီးမှာ စစ်ဆေးခဲ့တာက အယောက် ၂၀၊ ဗန်းမော်ဆေးရုံကြီးမှာ စစ်ဆေးခဲ့တာ ၆၉ ယောက်ဖြစ်ပြီး စုစုပေါင်း ၇,၉၇၃ ယောက်ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာ ဓာတ်ခွဲနမူနာပေါင်း ၃၅၆ ခု၊ ၂၇ ရက်နေ့မှာ ၂၃၅ ခု ပေးပို့ထားခဲ့တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ ညနေ ၅ နာရီအချိန်အထိ လူပေါင်း ၅၆၄ အတွက် ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြု လူနာ ၂ ယောက်အပါအဝင် ကချင်ပြည်နယ်ထဲမှာ လူနာ ၁၅ ယောက် တွေ့ထားရပါတယ်။

ဒီအထဲက ၈ ယောက်ကတော့ ဆေးရုံဆင်းသွားပြီ ဖြစ်ပြီး လက်ရှိမှာတော့ ဖားကန့်မှာ လူနာ ၅ ယောက်၊ မိုးညှင်းနဲ့ မိုးကောင်းတို့မှာ လူနာ ၁ ယောက်စီ ရှိနေပါတယ်။

စက်တင်ဘာ ဒုတိယပတ်ကစလို့ အသွားအလာကန့်သတ်ခံရသူအရေအတွက်လည်း တိုးလာခဲ့ပြီး မနေ့ကအထိ ကချင်ပြည်နယ်ထဲမှာ လူပေါင်း ၂,၃၆၀ ကို အသွားအလာ ကန့်သတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013