DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေထီစာအုပ် ၉၀၀၀၀ ခန့် ရောင်းမကုန်ဘဲ ကျန်ရှိနေ 
DVB
·
September 28, 2020
အောင်ဘာလေထီစာအုပ် ၉၀၀၀၀ ခန့် ရောင်းမကုန်ဘဲ ကျန်ရှိနေ 
Donate to DVB

လာမယ့် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်   ၉၀,၀၀၀ လောက် ရောင်းမကုန်ကျန်နေပြီး ငွေကျပ် သန်းပေါင်း ၁၉,၀၀၀ ကျော်ကို ဆုငွေအဖြစ် ဖွင့်ပေးမှာဖြစ်ပါတယ်။

အကြိမ် ၂၀ မြောက် ထီဖွင့်ပွဲအတွက် အက္ခရာ 'က' ကနေ 'ကဆ' အထိ စုစုပေါင်း အက္ခရာ အလုံး ၄၀၊ ထီစာအုပ် ၃,၂၇၂,၇၂၀ ရောင်းချရာမှာ ထီစာအုပ် ၃,၁၈၅,၀၀၁ အုပ်ပဲ ရောင်းကုန်ပြီး ၈၇,၇၁၉ အုပ် ကျန်နေတယ်လို့ အောင်ဘာလေသိန်းဆု ဌာနခွဲက ထုတ်ပြန်ပါတယ်။

ရောင်းချရငွေဟာ ကျပ်သန်းပေါင်း ၃၁,၈၅၀ ဖြစ်လို့ ဆုငွေအဖြစ် ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်းပေါင်း ၁၉,၁၁၀ ကျော်ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ထီဖွင့်ပွဲတွေကနေ သတ်မှတ်ကာလအတွင်းလာမထုတ်တဲ့ ပေါက်မဲတွေကို ဘဏ္ဍာသိမ်းထားခဲ့ပြီး အဲဒီထဲက သိန်း ၂,၅၀၀ ကိုလည်း ထပ်ထည့် ဖွင့်ပေးမှာ ဖြစ်ပါတယ်။

ဒီလထဲမှာပဲ ထီဆိုင်တွေဟာ ထီဈေးနှုန်းတွေကို အရင်ကထက် လျှော့ရောင်းနေကြပြီး တစောင်ကို ကျပ် ၁,၀၀၀ နဲ့ပဲ ရောင်းနေကြသလို ထီဆိုင်ကြီးတချို့ကလည်း ထီ ၂၂ ရွက်  (၂အုပ်) ကို ကျပ် ၂၀,၀၀၀ နှုန်းနဲ့ အိမ်အရောက်အခမဲ့စနစ်နဲ့ ရောင်းခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လကတော့ ရန်ကုန်မြို့တွင်း ရပ်ကွက်တွေမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ထီလက်လီအရောင်းဆိုင်တွေမှာ ၁၀၀၀ ကျပ်တန် ထီလက်မှတ် တစောင်ကို ကျပ် ၁၂၀၀ - ၁၃၀၀ ပေးပြီး ကံစမ်းသူတွေ ဝယ်ယူခဲ့ကြရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013