DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ
DVB
·
September 28, 2020
မူဆယ်တွင် သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် မူဆယ်မြို့မှာ ငွေကျပ်သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

စက်တင်ဘာလ ၂၆ ရက်  ညနေ ၄ နာရီလောက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာနေ ရင်ကွယ်ရှိုင်ရဲ့ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာက ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

ဂိုဒေါင်အတွင်းနဲ့ CANTER အမျိုးအစား ၆ ဘီးယာဉ်ပေါ်တို့ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်တံမို ၈၀ ချောင်း၊ Tartaric Acid ၇၅၀ ကီလို၊ Theophylline ၁၁,၅၀၀ ကီလို၊ အရိုးမီးသွေး ၁,၀၀၀ ကီလို၊ Dimethyl Carbonate ၂,၄၀၀ လီတာ၊ Phosphoric Acid 10 Percent အရည် ၆၄၀ လီတာနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

အသက် (၃၃) နှစ်အရွယ်  ရင်ကွယ်ရှိုင်ကို  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013