DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၃ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
September 27, 2020
ပန်းတောင်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၃ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ဂျိုးနယ်စပ်စစ်ဆေးရေးစခန်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ်ဘက်ပို့မယ် ကျပ်သိန်း ၃ သောင်းကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂ သန်းကျော်ကို ယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ချင်းရွှေဟော်ကနေ မောင်းလာတဲ့ Hyundai အမျိုးအစား MDY 9Q/7266 အဖြူရောင်ကားရဲ့ ယဉ်မောင်း စိုင်းသော်စိုးရဲ့ ကျောပိုးအိတ်ထဲ R စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပါ ၁ ထုပ်ကို စတင်တွေ့ရှိခဲ့တာပါ၊

ဒီနောက် ကားကို ဥသျှစ်ပင်ရဲစခန်းကိုမောင်းခိုင်းပြီး ထပ်မံစစ်ဆေးရာမှ ကားနောက်ခန်း အံဖွက်ထဲကနေ ကာလတန်ဖိုး သိန်းပေါင်း ၃၀,၂၄၀  တန်ဖိုးရှိ လိမ္မော်ရောင်စိတ်ကြွဆေးပြား အထုပ် ၂၀၁ ထုပ်ကနေ ဆေးပြား စုစုပေါင်း ၂,၀၁၆,၀၀၀ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မိုးက “ကားနဲ့တကွမိထားပါပြီ။ လူကတော့ တယောက်တည်းပါ၊ အရေးယူထားပါပြီ။ လောလောဆယ်တော့ သူတယောက်တည်းကိုပဲ ဖမ်းမိထားပါသေးတယ်၊ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေတုန်းပဲ” လို့ ပြောပါတယ်။

  ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း ပဲခူးတိုင်းထဲကနေ ရခိုင်ပြည်နယ်ဘက် သယ်ဆောင်လာတဲ့ ကားတစီးပေါ်ကနေ wy စိတ်ကြွဆေးပြားပေါင်း ၁၄ သန်း ၉ သောင်း ကျော်ဖမ်းမိခဲ့ပါတယ်။

  မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013