DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် ကားစပယ်ယာ ၁ ဦးအပါအဝင် ကိုဗစ်-၁၉  လူနာသစ် ၂ ဦး ထပ်တွေ့
DVB
·
September 27, 2020
တိုက်ကြီးတွင် ကားစပယ်ယာ ၁ ဦးအပါအဝင် ကိုဗစ်-၁၉  လူနာသစ် ၂ ဦး ထပ်တွေ့
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က ကုန်စိမ်းကားစပယ်ယာတဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၂ ဦး‌ တွေ့ရှိတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၆ ရက်နေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ တိုက်ကြီးမှာ အတည်ပြုလူနာ ၂ ဦး တွေ့ရှိခဲ့တာပါ။

ရောဂါပိုးတွေ့ရှိသူ နှစ်ဦးမှာ စက်တင်ဘာ ၁၉ ရက်နေ့နဲ့ ၂၁ ရက်နေ့က ဖျားနာပြီး အနံ့မရတာကြောင့် တိုက်ကြီးမြို့နယ် Quarantine Center နဲ့ ဆေးရုံမှာ စောင့်ကြည့်ထားသူတွေဖြစ်ပြီး နှာခေါင်းနဲ့ အာခေါင်တို့ပတ်ယူ စစ်ဆေးခဲ့ရာက ရောဂါပိုးတွေ့ရှိခဲ့တာလို့ သိရပါတယ်။

ပိုးတွေ့လူနာ အမျိုးသားဟာ တိုက်ကြီးမြို့နဲ့ ရန်ကုန်ပြေးဆွဲနေတဲ့  ကုန်စိမ်းကားစ ပယ်ယာဖြစ်ပြီး အမျိုးသမီးကတော့ သနပ်ချောင်းကျေးရွာမှာ ဈေးဝယ်ရောင်းလုပ်နေသူဖြစ်ပြီး ဒီနေ့မနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရိုးမယာယီဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

တိုက်ကြီးမြို့နယ်မျာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃ ဦးရှိပြီဖြစ်ပြီး လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို တိုက်ကြီးမြို့နယ် Quarantine Center ကို ပို့ဆောင်ထားပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013