DVB Logo
Home
မြန်မာသတင်း
ခါကာဘို‌‌ရာဇီတောင်‌ခြေဒေသတွင် ဝမ်းရောဂါကြောင့် ၅ လအတွင်း  ၁၃ ဦး သေဆုံး
DVB
·
September 27, 2020
ခါကာဘို‌‌ရာဇီတောင်‌ခြေဒေသတွင် ဝမ်းရောဂါကြောင့် ၅ လအတွင်း  ၁၃ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ် မြောက်ဘက်ပိုင်းအစွန်‌ဆုံး ခါကာဘိုရာဇီတောင်ခြေဒေသမှာ ၂၀၂၀ ပြည့်နှစ် ဧပြီလကနေ စက်တင်ဘာ လဆန်းအထိ ၅ လအတွင်း ဝမ်းရောဂါကြောင့် ဒေသခံ လူကြီး၊ လူငယ် ၁၃ ဦး သေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ခါကာဘို တောင်ခြေဒေသဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိပြီး လုံ‌လောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိသလို ကျန်းမာရေးနဲ့ ဆိုင်တဲ့ အသိပညာပေးသူတွေလည်း မရှိတာကြောင့် မသေဆုံးသင့်ပဲ အသက်တွေ ဆုံးရှုံးရတယ်လို့ ဒေသခံ ဦးဆန်လုရမ်ဆိန်းက ပြောပါတယ်။  

ဒါကြောင့် ဒေသခံတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအခက်ခဲတွေကို တောထဲက ရှာထားတဲ့ ဆေးမြစ်တွေနဲ့ပဲ ဖြေရှင်းနေရတာကြောင့် အခုလို သေဆုံးခဲ့ကြတာဖြစ်ကာ သက်ဆိုင်ရာကိုတင်ပြပြီး အကူညီတောင်းခံခဲ့ပေမယ့် အထက်ပိုင်းကျေးရွာအထိ ဆေးလာကုပေးသူ မရှိဘူးလို့ဆိုပါတယ်။ 

အဲဒီလို ကျန်းမာရေး အခက်အခဲဖြစ်ပေါ်လာတဲ့အခါ ခြေကျင်ခရီး ၇ ရက်ဝန်းကျင်နဲ့ ထမ်းခေါ်သွားရတဲ့ ပန်းနန်းဒင်းမြို့အထိရောက်အောင်သွားရပြီး လမ်းခရီးမှာတင် သေဆုံးသူတွေ အများကြီးဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါကြောင့် အဆိုပါဒေသမှာ နိုင်ငံတော်အနေနဲ့ အသိပညာပေးဝေမှုတွေ ဆောင်ရွက်ပေးစေလိုပြီး ဆေးဝါးတွေလည်း သက်ဆိုင်ရာကျေးရွာတွေအလိုက် မျှဝေပေးစေ ချင်တယ်လို့ ဆိုပါတယ်။ 

အဲဒီ ခါကာဘိုဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ နှစ်တိုင်းလို ဝမ်းရောဂါခံစား‌နေရတယ်လို့လည်း သိရပါတယ်။ 

ဖေနောင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013