DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်းရှိ ဂိတ်အားလုံး ထောက်ခံစာပြပြီး သွားနိုင်ဟု တာဝန်ရှိသူပြော
DVB
·
September 27, 2020
ဧရာဝတီတိုင်းအတွင်းရှိ ဂိတ်အားလုံး ထောက်ခံစာပြပြီး သွားနိုင်ဟု တာဝန်ရှိသူပြော
Donate to DVB

ဧရာဝတီတိုင်းအတွင်း ဝင်/ထွက် ဂိတ်တွေမှာ ပိတ်ဆို့တားဆီးမှုတွေရှိပါက ခရီးသွားထောက်ခံစာပြပြီး ဖြတ်သန်းသွားလာနိုင်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာတဲ့ Stay at Home နေထိုင်ရမယ့် မြို့နယ် ၁၁ ခုမှာ ဧရာဝတီတိုင်းက ပုသိမ်၊ ဖျာပုံနဲ့ မအူပင်မြို့နယ်တွေ ပါဝင်ပြီးနောက် ဒေသတွင်းအာဏာပိုငေအချို့မှ ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေတဲ့ အခြေအနေအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ခုလိုပြောဆိုခဲ့တာပါ။

"မြို့တွေကို မလာဖို့၊ မသွားဖို့ ညွန်ကြားထားတာ မရှိဘူး ထုတ်ပြန်ချက်ထဲမှာ ပါတယ်လေ။ ရပ်ကွက်ထောက်ခံစာတို့၊ ဘာတိုပြပြီးသွားလို့ရတယ်၊ ရေးထားတဲ့အတိုင်းပဲ ကုန်တင်ယာဉ်တွေကလည်း သွားလာလို့ရတယ်။ ပြည်ထောင်စုက ထုတ်ပြန်ထားတဲ့ အတိုင်းပဲ အဲ့ထဲမှာအသေးစိတ်ပါတယ်။ တားတယ်ဆိုရင် အဲစာပြပြီး ကိုင်ပြောလို့ရတယ်" လို့ ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးအစစ်ဆေးခံရတဲ့ ပုသိမ်မြို့ ကိုးဆူဂိတ်ကို စတင်ကာ ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့တာဟာလည်း သတင်းအမှားသာဖြစ်တယ်လို့ ဂိတ်ကြီးကြပ်ရေးအဖွဲ့ဝင် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က DVB ကိုပြောပါတယ်။

"ဂိတ်ပိတ်လိုက်တယ်ဆိုတာ သတင်းအမှားပါ၊ လက်ရှိအချိန်ထိ ဂိတ်ကို အစိုးရဝန်ထမ်းတွေ၊ Stay at home အမိန့်မှာ သွားလာခွင့်ပြုထားတဲ့သူတွေနဲ့ ပြည်သူတွေကို အကြောင်းအရာခိုင်လုံပြီး ထောက်ခံစာအပြည့်အစုံပါရင် ဝင်ထွက်သွားလာဖို့ ခွင့်ပြုပေးထားပါတယ်။"

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၆ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၈၁ ဦး၊ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းရသူ ၃၈ ရှိပြီး သေဆုံးသူမရှိသေးဘူးလို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013