DVB Logo
Home
မြန်မာသတင်း
တိုင်းအစိုးရရုံးစိုက်ရာ မုံရွာတွင် ကိုဗစ်-၁၉ လူနာအသစ် ပထမဆုံး တွေ့ရှိ
DVB
·
September 27, 2020
တိုင်းအစိုးရရုံးစိုက်ရာ မုံရွာတွင် ကိုဗစ်-၁၉ လူနာအသစ် ပထမဆုံး တွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ အစိုးရရုံးစိုက်ရာ မုံရွာမြို့မှာ ရန်ကုန်ကပြန်လာပြီး Quarantine ဝင်နေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရိုခဲ့တယ်လို့ တိုင်းအစိုးရ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ခဝဲကျင်းရပ်ကွက်နေသူတဦး “လောလောဆယ်တော့ ကားတွေလာခေါ်မှာကို စောင့်နေတယ်။ ရန်ကုန်ပြန်ပါ။ ဗန္ဓုလရပ်ကွက်၊ ခဝဲကျင်းမှာ ကျုဝင်နေတာ။ စောင့်ကြည့်လူနာကနေ နမူနာစစ်တော့ ပိုးတွေ့တာပါ။” လို့ ပြောပါတယ်။

မုံရွာမြို့က ၂၅ နှစ်အမျိုးသားတစ်ဦးနဲ့ ရွှေဘိုမြို့က အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ တိုင်းအစိုးရက စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းထုတ်ပြန်ထားတာပါ။

ပိုးတွေ့သူအားလုံးက ရန်ကုန်ပြန်တွေဖြစ်ပြီး မနက်ပိုင်းကလည်း ကလေးမြို့က ၂ ဦးနဲ့ ကနီမြို့က ၂ ဦး စုစုပေါင်း ၄ ဦးတွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့ တရက်တည်း တိုင်းအတွင်း ပိုးတွေ့လူနာ ၆ ဦးတွေ့ရှိရတာပါ။

စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့ပေါင်း ၂၀ အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလာနေရတာပါ။ ပိုးတွေ့လူနာအနေနဲ့လည်း စုစုပေါင်း ၄၄ ဦးထိ ရှိလာနေပြီဖြစ်ကာ ဆေးရုံက ဆင်းခွင့်ရသူကတော့ ၉ ဦးရှိနေပြီဖြစ်ပါတယ်။ 

ပိုးတွေ့လူနာ ၄၄ ဦးထဲမှာ မော်လိုက်၊ ကလေး၊ ခင်းဦးတို့က လူနာတစ်ချို့ကတော့ ရန်ကုန်မှာ ပိုးတွေ့တာဖြစ်ပြီး ရန်ကုန်မှာပဲ ကုသမှုခံယူနေကာ ဝက်လက်နဲ့ စစ်ကိုင်းက လူနာတစ်ချို့ကတော့ မန္တလေးမှာ တွေ့ရှိတာဖြစ်လို့ မန္တလေးမှာပဲ ကုသမှုခံယူနေတာပါ။ 

တိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံးမြို့နယ်တွေကတော့ ကလေးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တို့ကဖြစ်ပါတယ်။ လက်ရှိပိုးတွေ့လူနာတွေက စက်တင်ဘာလအတွင်း တွေ့ရှိတာတွေဖြစ်ပါတယ်။

ကိုဗစ်စတင်ဖြစ်ပွားစဉ်ကလည်း စစ်ကိုင်းတိုင်းမှာ ၉ ဦး ပိုးတွေ့လူနာ ရှိခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိတော့ သေဆုံးသူ မရှိသေးသလို Stay At Home ကြေညာတဲ့ မြို့နယ်လည်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013