DVB Logo
Home
မြန်မာသတင်း
ကယားနှင့်ကယန်းပါတီ ၂ ခု ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၌ မဲဆွယ်စည်းရုံး (ဓာတ်ပုံ)
DVB
·
September 27, 2020
ကယားနှင့်ကယန်းပါတီ ၂ ခု ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၌ မဲဆွယ်စည်းရုံး (ဓာတ်ပုံ)
1 / 11
Donate to DVB

ကယားပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တီပါတီ (KySDP)နဲ့ ကယန်းအမျိုးသားပါတီတို့ ဒီးမော့ဆိုမြိုနယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ စက်တင်ဘာလ ၂၆ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။

မဲဆွယ်ပွဲကို  ကရင်နီလူငယ်တွေလည်း ဝန်းရံခဲ့ကြပြီး  လူထောင်ချီတဲ့ ကား၊ ဆိုင်ကယ် တန်းကို ဒေသခံကျေးရွာတွေက ရိုးရာအတီးအမှုတ်တွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ရိုးရာအတီးအမှုတ်တွေနဲ့ ကြိုဆိုခဲ့တဲ့ လိုဘာခိုရွာနေ ဒေါ်အယ်စတာထူးက သူတို့ရွာအနေနဲ့ ခေတ်အဆက်ဆက်မှာ ရေအခက်အခဲကြုံနေပြီး ဒေသခံပါတီတွေအနေနဲ့ ဒီအခက်အခဲကို ဖြေရှင်းပေးမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ကျမတို့ ကယန်းအမျိုးသားတို့ တိုးတက်ဖို့၊ လာမယ့်အနာဂတ်မှာ တိုးတက်ဖို့ပေါ့။ ကျမတို့ ရွာအတွက်ဆိုရင် အရေးကြီးဆုံးကရေပဲ။ ရေဆိုအမြဲတောင်းထားတယ်။ ဒါပေမယ့်မရသေးဘူး။”

ဒီးမော့ဆိုမြို့နယ်မှာ  ရွာပေါင်း ၁၇၀ ကျော်ရှိပြီး ၁၅၀ နီးပါးလောက်ဟာ  ရေအခက်အခဲဖြစ်ကြတဲ့ ကျေးရွာ တွေဖြစ်သလို ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းဟာ စပါးတွေကို အဓိကထား စိုက်ပျိုးတဲ့ဒေသဖြစ်တဲ့အတွက် ရေရရှိရေးနဲ့ ဒေသခံစိုက်ပျိုးတောင်သူ ရေအခက်အခက်ဖြေရှင်းနိုင်ရေးကို အနိုင်ရရှိတဲ့အခါ အဓိကထား လုပ်ဆောင်သွားမယ်လို့လည်း ဒီးမော့ဆိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခွန်းမြင့်နိုင်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကယန်းအမျိုးသားပါတီက အမျိုးသမီးကိုယ်စားလှယ်လောင်း ဒေါ်အယ်လ်မာကတော့ အမျိုးသမီးတွေကို မဲပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ကပါတယ်။

“အကယ်၍ ကျမတို့ အမျိုးသမီးတွေ လွှတ်တော်မှာ များများပါဝင်ခြင်းအားဖြင့် ကျမတို့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့အခက်အခဲ၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက် ကလေးသူငယ်တွေရဲ့ လိုအပ်ချက်တွေကို ကျမတို့ပိုပြီးတော့မှ ဆွေးနွေးတင်ပြ တောင်းဆိုနိုင်တယ်။ ဒါမှလည်း ကျမတို့အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှု‌ လျာ့နည်းမယ်။ အိမ်တွင်းငြိမ်းချမ်းမယ်။ ကျမတို့အိမ်တွင်းငြိမ်းချမ်းမယ်ဆိုရင် ကျမတို့ ပြည်နယ်လည် ငြိမ်းချမ်းမှာဖြစ်ပါတယ်။”

ကယားပြည်နယ်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီနဲ့ ကယားအမျိုးသား ပါတီဟာ မဟာမိတ်ပြုလုပ်ထားပြီး ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013