DVB Logo
Home
မြန်မာသတင်း
ရောဂါပိုးမတွေ့သဖြင့် ရွေးကောက်ပွဲ သတင်းရေးသားနည်းသင်တန်းဆရာအပါအဝင် ၁၈ ဦး နေရပ်ပြန်ခွင့်ရ
DVB
·
September 26, 2020
ရောဂါပိုးမတွေ့သဖြင့် ရွေးကောက်ပွဲ သတင်းရေးသားနည်းသင်တန်းဆရာအပါအဝင် ၁၈ ဦး နေရပ်ပြန်ခွင့်ရ
Donate to DVB

ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့လို့ ပြည်မြို့ မင်္ဂလာဂါးဒန်းဟိုတယ်မှာ ကွာရန်တင်းဝင်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်းက သင်တန်းဆရာအပါအဝင် ၁၈ ဦး ဓာတ်ခွဲနမူနာ နှစ်ကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့တာကြောင့် စက်တင်ဘာ ၂၅ ရက်နေ့ နေရပ်ပြန်ခွင့်ရပြီလို့ သိရပါတယ်။

သူတို့ ၁၈ ဦးဟာ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့လို့ စက်တင်ဘာ ၈ ရက်နေ့က စတင်ကာ ကွာရန်တင်း ဝင်ရောက်နေကြတာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့တာပါ။

သင်တန်းဆရာဖြစ်တဲ့ ဦးဇေယျာလှိုင်က "၂၅ ရက်နေ့က ပဲခူးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာရန်နိုင်မောင်ကနေ ကျနော်တို့ စစ်ဆေးထားတဲ့ swab test ​အဖြေက ၁၈ ယောက်လုံး အားလုံး negative ဖြစ်တယ်လို့ အကြောင်းကြား လာပါတယ်။ ၂ ကြိမ်လုံး negative ထွက်ခဲ့တယ်။ အဲ့ဒါကြောင့် အိမ်ပြန်လာလို့ရပါပြီ။ ဒါပေမဲ့ ကျနော်တို့က ကွာရန်တင်းထဲမှာ ၁၄ ရက်မကဘဲ ၁၇ ရက် နေရတယ်။ အဲ့တော့ ၂၁ ရက်ပြည့်အောင် နောက်ထပ် ၄ ရက်ကတော့ Home Stay နေပါဆိုပြီး သေချာမှာလိုက်ပါတယ်" လို့ DVB ကို ပြောပါတယ်။ 

နေရန်ပြန်ဖို့ စာရွက်စာတမ်းတွေ ပြုလုပ်ပေးလိုက်တာကြောင့် ဂိတ်တွေ ဖြတ်တဲ့အခါ ပြဿနာမရှိပေမဲ့ ပဲခူးတိုင်းက ကားက ပဲခူးတိုင်းနယ်စပ်အထိပို့ပြီး ရန်ကုန်ကားက နယ်စပ်အထိ လာကြိုရတဲ့ အခက်အခဲတော့ ရှိခဲ့တယ်လို့ ဦးဇေယျာလှိုင်က ပြောပါတယ်။

သူတို့အဖွဲ့ ပြည်မြို့ကို ရောက်ပြီးနောက် ၈ ရက်မြောက်နေ့ သင်တန်းပို့ချနေချိန်မှာပဲ ကားဆရာရဲ့ အမျိုးသမီးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိပြီး ကားဆရာကို စစ်ဆေးရာမှာလည်း ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အဲဒီနောက် ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ သင်တန်းကို ထောက်ပံ့ပေးတဲ့ ANFERL အဖွဲ့က ၁ ဦးနဲ့ လက်ထောက်သင်တန်းဆရာ ၁ ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာပါ။

သတင်း - ၀ဏ္ဏထွန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013