DVB Logo
Home
မြန်မာသတင်း
စည်းကမ်းမလိုက်နာသဖြင့် ကျောက်ဖြူ ပိုးတွေ့လူနာ ပြန်များလာဟု ကျန်းမာရေးတာဝန်ရှိပြော
DVB
·
September 26, 2020
စည်းကမ်းမလိုက်နာသဖြင့် ကျောက်ဖြူ ပိုးတွေ့လူနာ ပြန်များလာဟု ကျန်းမာရေးတာဝန်ရှိပြော
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာတွေ များလာတာဟာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာတာကြောင့်လို့ ကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။

စည်းကမ်းချက် လိုက်နာမှု အားနည်းတာအပြင် လူစုလူဝေးနေတာတွေ ရှိနေတဲ့အတွက် ပိုးတွေ့လူနာတွေဟာ တဖြည်းဖြည်းနဲ့ တိုးလာနေတာလို့ ကိုဗစ်-၁၉ ကာကွယ်နှိမ်နင်း တုံ့ပြန့်ကုသရေးအတွက် ကျောက်ဖြူမြို့ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက DVB ကို ပြောပါတယ်။

“စျေးတွေမှာ၊ ပျံကျစျေးတွေမှာ လူစုလူဝေးတွေ ဖြစ်နေတယ်။ လူတွေက အပြင်ပြန်ထွက်လာကြတယ်။ Stay at Home နေပါတို့၊ အပြင်ထွက်တာနဲ့ Mask ကို မဖြစ်မနေတပ်ပါတို့၊ မကြာမကြာ လက်ဆေးပါတို့ ကျနော်တို့ ညွှန်ကြားထားပေမယ့် လူတွေက ပေါ့သွားတဲ့အခါမှာ အခုလိုမျိုး ပြန်လည်မြင့်လာတာကို ကျနော်တို့ တွေ့ရပါတယ်။”

ကျောက်ဖြူမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို သိနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေက အဖွဲ့တွေခွဲပြီးတော့ မြေပြင်ကို ကွင်းဆင်း ဆောင်ရွက်နေတယ်လို့  ဒေါက်တာသီဟက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ သြဂုတ် ၂၅ ရက်နေ့က စတင်ပြီး စက်တင်ဘာ ၂၅ ရက်နေ့ မနက်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၆၀ ဦးရှိပြီး ၁၁၄ ဦးက ဆေးရုံက ဆင်းသွားပြီး အိမ်မှာ ၇ ရက် Home Quarantine ထားရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013