
ရိုးမရိပ်သာကို ကွာရန်တင်းဝင်မယ့်သူ ၆၀၀ ကျော်လောက် ဒီနေ့မှာ လာဖို့ရှိတယ်လို့ ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုဒီငြိမ်းလင်းက ပြောပါတယ်။
ရောဂါပိုးတွေ့လူနာတွေ၊ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူ (Close Contact) တွေကို ထားတဲ့ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ရိုးမရိပ်သာ Quarantine စင်တာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက လာရောက်ခဲ့တဲ့ ကွာရန်တင်းဝင်လာသူ ၁၂၀၀ လောက် ဆင်းသွားတယ်လို့ ဆိုပါတယ်။
ကွာရန်တင်းဝင်မယ့်သူ ၆၀၀ ကျော်လောက်ဟာ စောင့်ကြည့်လူနာတွေ ပါနိုင်သလို အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေလည်း ပါနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရိုးမရိပ်သာမှာ ပိုးတွေ့လူနာ ၃၀၀ လောက်ကို လက်ခံကုသပေးနေပြီး လူပေါင်း ၄၀၀ ကျော် ကွာရန်တင်းဝင်နေပါတယ်။
ဒါ့အပြင် ရိုးမရိပ်သာမှာ Volunteer အင်အား ၆၀ ကျော်ထားရှိထားပြီး အဆောင်တွေလည်း ထပ်တိုးချဲ့ဖို့တွေလည်း စီစဉ်ဆောင်ရွက်နေပါတယ်။










