DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်၊ ပဲခူးနှင့် ပုသိမ်အပါအဝင်  ၁၁   မြို့နယ်၌   Stay at Home အမိန့်ထုတ်ပြန်  
DVB
·
September 26, 2020
မော်လမြိုင်၊ ပဲခူးနှင့် ပုသိမ်အပါအဝင်  ၁၁   မြို့နယ်၌   Stay at Home အမိန့်ထုတ်ပြန်  
Donate to DVB

မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ၁၁  မြို့နယ်ကို    Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

အဆိုပါ မြို့နယ် ၁၁ မြို့နယ်ကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နဲ့ ဘီလင်းမြို့နယ်၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့  အမရပူရမြို့နယ်၊ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်နဲ့  ဖျာပုံမြို့နယ်တို့  ဖြစ်ကြပါတယ်။

အဆိုပါတိုင်းနဲ့ပြည်နယ်တွေမှာ ဓာတ်ခွဲအတည်ပြုလူနာတွေ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့တာမရှိဘဲ အချိန်တိုအတွင်း လူနာတွေများလာတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့   အဆိုပါ မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ဖို့ လိုအပ်တယ်လို့ လည်းဆိုပါတယ်။ 

Stay at Home အမိန့်အရ အစိုးရဌာနက နိုင်ငံ့ဝန်ထမ်းတွေ ၂ ပတ်ရုံးတက် ၂ ပတ် အိမ်မှာနေပြီး ရုံးလုပ်ငန်းတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပုဂ္ဂလိက လုပ်ငန်းတွေထဲမှာတော့  ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ရေသန့်နဲ့ နေ့စဉ် တစ်ကိုယ်ရေသုံးပစ္စည်းစက်ရုံ ဝန်ထမ်းတွေကလွဲပြီး ကျန်သူတွေ နေအိမ်မှာ နေထိုင်ရမှာပါ။

နိုင်ငံတကာ ကုန်တင်သင်္ဘာတွေကို ဝန်ဆောင်မှုပေးနေတဲ့ ဆိပ်ကမ်းတွေ၊ သင်္ဘောလိုင်းဌာနေ ကိုယ်စားလှယ်ရုံးတွေ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းနဲ့ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်း စတာတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) စက်ရုံအလုပ်ရုံတွေ လုပ်ငန်းရပ်နားထားဖို့၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေမှာ အနေနဲ့ နေအိမ်မှပဲ လုပ်ငန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

မဖြစ်မနေ ဈေးဝယ်ထွက်ဖို့အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲသွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။

တခြားအရေးပေါ်ကိစ္စတွေနဲ့ သွားလာဖို့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းဖို့ ခွင့်ပြုချက်ယူဖို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့  တာဝန်ထမ်းဆောင်ဖို့ သွားလာသူတွေကလွဲပြီး ရပ်ကွက်ပြင်ပမှ လည်းကောင်း ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်ထွက်သွားလာတာတွေခွင့်မပြုဖို့လည်း ညွှန်ကြားထားပါတယ်။

ဒီအမိန့်ဟာ စက်တင်ဘာ ၂၆ ရက်  မနက် ၈ နာရီစတင်သက်ရောက်မှာ ဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းမှာလည်း ကိုကိုးကျွန်းကလွဲပြီး မြို့နယ်အားလုံးမှာ   Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013