DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၈ ဦး ရှိလာ
DVB
·
September 25, 2020
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၈ ဦး ရှိလာ
Donate to DVB

ကိုဗစ်ဒုတိယလှိုင်းကာလ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ၁၄၈ ဦးရှိပြီလို့  တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နေ့စဉ်အစည်းဝေးကျင်းပ ညွှန်ကြားမှုတွေပြုလုပ်နေပြီး စက်တင်ဘာ ၂၄ ရက်အထိ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၈ ဦးထိရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

"အတည်ပြုလူနာ တိုင်းထဲမှာ ၁၄၈ ယောက်ဖြစ်ပါတယ်၊ အဲ့အထဲမှာ ဆေးရုံကနေပြန်ဆင်းသွား တဲ့လူနာ ၂၈ ဦးရှိပြီး ကုသနေဆဲလူနာ ၁၂၀ ရှိပါတယ်၊ အားလုံးကတော့ ရောဂါပြင်းပြင်းထန် ထန်ခံစားရတာမျိုးတော့ မရှိဘူးလို့ တိုင်းကျန်းမာကတင်ပြလာပါတယ်" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အတည်ပြုလူနာ အများဆုံး မြို့နယ်တွေ ဖြစ်တဲ့ ပုသိမ်၊ မအူပင်၊ ဖျာပုံနဲ့ ကျောင်းကုန်း စတဲ့မြို့နယ်တွေကို သတိထားပြီးစီစဉ်ဆောင်ရွက် နေသလို တိုင်းကျန်းမာအနေနဲ့ ပိုးတွေ့တဲ့နေရာတွေကိုစိစစ်ပြီး အသွားအလာကန့်သတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ၁၄၈ ဦးထဲမှာ ပုသိမ်အထည်ချုပ် စက်မှုဇုန်က စက်ရုံဝန်ထမ်း ၄ ဦးပါလာပြီးနောက်ပိုင်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် တိုင်းအစိုးရအဖွဲ့က စက်ရုံတွေကို စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ယာယီပိတ်ဖို့ ညွှန်ကြားထားပါတယ်။

ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့မှာ ၅၀ ဦး၊ ဖျာပုံမြို့မှာ ၃၁ ဦး၊ မအူပင်မြို့မှာ ၁၉ ဦး၊ ကျောင်းကုန်းမြို့မှာ ၁၃ ဦးနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးမြို့နယ်တွေ ဖြစ်ပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013