DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းကျွန်းရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့၊ ရဲစခန်းကို Lockdown ချထားခြင်းမရှိ 
DVB
·
September 25, 2020
သင်္ဃန်းကျွန်းရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့၊ ရဲစခန်းကို Lockdown ချထားခြင်းမရှိ 
Donate to DVB

ရန်ကုန်၊ သင်္ဃန်းကျွန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပေမဲ့ ရဲစခန်းကို  Lockdown ချတယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒီလမ်းမှာပိုးတွေ့လူနာရှိလို့ ဒီလမ်းကို Lockdown ချတာကြာပါပြီ။ ဒီကြားထဲမှပဲ စခန်းထဲကကောင်လေးတစ်ယောက်က ပေါ့စတစ်ဖြစ်သွားတယ်။ ဖြစ်တယ်ဆိုတော့ သူနဲ့တစ်ဆောင်တည်းဖြစ်တဲ့ ၇ ယောက်ကို စခန်းထဲက ဓမ္မာရုံထဲမှာ Stay At Home ထားထားတယ်။ ဒီနေ့တော့ သုဝဏ္ဏ အထကမှာ စင်တာအသစ်ဖွင့်တော့ အဲမှာ ၇ ယောက်လုံးကို ပြောင်းထားလိုက်တယ်။ စခန်းကို လော့ဒေါင်း ချတယ်ဆိုတာမဟုတ်ပါဘူး။ လော့ဒေါင်းလုပ်ဖို့ လည်း မလွယ်ပါဘူး။ ဘယ်လိုတာဝန်ထမ်းမလဲ" လို့ လွှတ်တော်  ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာတနိုင်ငံလုံးအနေနဲ့ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၅၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ရန်ကုန်မှာတော့ ရဲတပ်ဖွဲ့ဝင် ၂၀ ရောဂါကူးစက်ခံထားရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ပြောပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်မင်းဦးက "ကျနော်တို့ မှုခင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကျတော့ ရပ်လိုက်လို့မရဘူး။ ရပ်လိုက်ရင်လည်း ခိုး၊ ဆိုး၊ နှိုက်တွေက ပေါလာဦးမယ်။ အဲတော့ ပြည်သူ့ဘဝလုံခြုံမှုကလည်း ထိခိုက်ဦးမယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က လက်ရှိကတော့ ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းတွေက ပုံမှန်အတိုင်းပဲ ဆောင်ရွက်နေကြတာပေါ့။ ဒါပေမဲ့ လူချင်းထိတွေ့ပြီး ရှာဖွေတဲ့ကိစ္စတွေတော့ ဒီ ကိုဗစ်-၁၉ ညွှန်ကြားချက်တွေနဲ့ အညီဆောင်ရွက်ရတာပေါ့။"လို့ ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်တိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်ဟာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာအများဆုံး မြို့နယ်ထဲမှာပါဝင်ပြီး စက်တင်ဘာ ညနေပိုင်းအထိ ပိုးတွေ့လူနာ ၄၉၈ ယောက်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013