DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ ဝန်းရံသူ ၁၀,၀၀၀ ခန့် လွိုင်ကော်မြို့တွင်း လှည့်လည်
DVB
·
September 25, 2020
အန်အယ်လ်ဒီပါတီ ဝန်းရံသူ ၁၀,၀၀၀ ခန့် လွိုင်ကော်မြို့တွင်း လှည့်လည်
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အန်အယ်လ်ဒီပါတီကို ဝန်းရံတဲ့အနေနဲ့  လူအင်အား ၁၀,၀၀၀ လောက်နဲ့  မြို့တွင်း ကားတွေ ဆိုင်ကယ်တွေနဲ့  လှည့်လည် မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။

ဆိုင်ကယ်အစီးရေ ၅၀၀ နဲ့ ကားအစီးပေါင်း ၁၀၀ ကျော်က ပါဝင်ပြီး လူဦးရေ ၁၀,၀၀၀ နီးပါးနဲ့  လွိုင်ကော်မြို့တွင်းကို လှည့်လည်ခဲ့ကြတာပါ။

အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝန်ရံသူတွေက ဦးဆောင်ပြီး လိုက်ပါချင်သူတွေ  လှည့်လည်မဲဆွယ်ခဲ့တာလို့ ဦးဆောင်သူဖြစ်တဲ့ ကိုဇော်ထွေးက ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ကတော့ ၂၀၂၀ မှာ အန်အယ်လ်ဒီကို ဝန်းရံပေးတာပေါ့ဗျာ။ အမေစုအတွက်ပါ အဓိကကတော့လေ။ ကျနော်တို့အစိုးရ ဖွဲ့နိုင်ဖို့အတွက်ပေါ့ဗျာ။ ကျနော်တို့က ဒီမိုကရေစီအစစ်မရသေးဘူးဆိုတော့ ၂၅ ရာခိုင်နှုန်းက လွှတ်တော်ထဲမှာ ရှိနေသေးတယ်ဆိုတော့ ကျနော်တို့ ဒါကို တိုက်ရဦးမယ်ဆိုတော့ မဝန်းရံလို့မရဘူးဆိုတော့ ပြည်သူလူထုတွေက ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် ဝန်းရံကြတာပေါ့ဗျာ။ အဲဒါပါပဲ။ ”

လွိုင်ကော်မြို့နယ် ဘာဒိုကျေးရွာကနေ လာရောက်ဝန်းရံတဲ့ ဒေါ်ဟယ်လင်မတ်တီးကတော့ အန်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းကြည်ကို ချစ်လို့ ဝန်းရံတာလို့ ပြောပါတယ်။

“အန်တီက အန်အယ်လ်ဒီကိုကြိုက်လို့၊ အမေစုကို ချစ်လို့ လိုက်တာ။ ကျမတို့ ဒီလိုဝန်းရံခြင်းအားဖြင့် ကျမတို့နိုင်ငံတိုးတက်မယ်လို့ ကျမတို့အဓိက အဲဒါပေါ့။ ကျမတို့ကတော့ အမျိုးမျိုးတိုးတက်မယ်ပေါ့။ သူတို့ဒီ ၅ နှစ်တာ သက်တမ်းမှာ ကြည့်မယ်ဆိုရင်တော့  ကျေးရွာမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ကျမတို့ တော်တော်တိုးတက်တာတွေ့ရတယ်လေ။ လမ်းတို့၊ မီးတို့ပေါ့နော်။ ရေတို့ကအစ ကျမတို့ရရှိတာပေါ့။ ဒါတောင် သူတို့ သက်တမ်း ၅ နှစ်ပဲ ရှိသေးတာပေါ့နော်။ အကယ်၍ ဒီထက် ပိုပြီးဝန်းရံပေးလိုက်လို့ရှိရင် ၁၀ နှစ်၊ ၁၅ နှစ်မှာ ဒီထက်မက ပြည်နယ်မက နိုင်ငံတိုးတက်မယ်လို့ထင်လို့လေ။ အဲတော့ အန်တီတို့က ဝန်းရံပေးတာပါ။ ကိုယ့်ရွာမှာလည်း တော်တော်တိုးတက်တာမြင်လို့လေ။ ဒီ ၅ နှစ်အတွင်းမှာပေါ့။”

ပါတီကို ဆိုင်ကယ်နဲ့ လိုက်လံဝန်းရံတဲ့ လူငယ်တဦးကလည်း “အမှန်တကယ်ပြောင်းလဲဖို့ ကျနော်တို့ အန်အယ်လ်ဒီပါတီကို မဲပေးဖို့လိုတယ်လို့ထင်လို့။ သူက ကျနော်တို့အတွက် အထောက်အကူပြုမယ်လို့ ထင်တာပဲဗျာ။” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်အနေနဲ့ ကယားပြည်နယ်အတွင်း မဲဆွယ်စည်းရုံးတဲ့အနေနဲ့ လှည့်လည်တာ ခုတကြိမ်ဟာ စတုတ္ထအကြိမ်ဖြစ်ပါတယ်။

ပထမအကြိမ် စက်တင်ဘာ ၈ ရက် မဲစတင် စည်းရုံးခွင့်ရတဲ့နေ့တုန်းကလည်း လွိုင်ကော်မြို့ပေါ် လှည့်လည်ခဲ့ကြသလို ဒုတိယကြိမ်မှာတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုကိုလှည့်လည်ခဲ့ပြီး တတိယတကြိမ်မှာ ဖရူဆိုမြို့နယ်တွေကို သွာရောက်လှည့်လည်ခဲ့ကြပါတယ်။ ဒီကနေ့ လှည့်လည်မှုကတော့ အင်အားအများဆုံးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ ကယားပြည်နယ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လုံးဝမရှိသေးတဲ့ တခုတည်းသော နယ်မြေဖြစ်ပါတယ်။ 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြော မဲဆွယ် စည်းရုံးလုပ်ဆောင်ရာမှာ  လူ ၅၀ ဦးထက် မပိုစေဘဲ လုပ်ဆောင်ကြဖို့ စက်တင်ဘာ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတွေကတော့ ပါတီကိုယ်စားလှယ်လောင်း တွေအနေနဲ့ မဲဆွယ်ရာမှာ သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေတဲ့ အကြောင်းနဲ့  ဒေသခံ ပါတီထောက်ခံသူတွေက ဝန်းရံလိုက်ပါနေတာကြတာလို့ ရှင်းလင်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013