DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၇၁ ဦးတွေ့ရှိ၊ လူနာ ၅ ဦး ထပ်မံသေဆုံး
DVB
·
September 25, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၇၁ ဦးတွေ့ရှိ၊ လူနာ ၅ ဦး ထပ်မံသေဆုံး
Donate to DVB

ဓာတ်ခွဲနမူနာ ၂,၂၉၉ အား ဒုတိယသုတ်စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၇၁ ဦး တွေ့ရှိခဲ့ပြီး လူနာ ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၂၀၀ ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ၄၅၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) က ၅၅၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) က ၆၅ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၂ ခု၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၁ ခု၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၂၉၉ ခုအား ထပ်မံစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် ၁၇၁ ဦး တွေ့ရှိခဲ့တာပါ။

ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာ ကုသနေတဲ့ ၅၄ နှစ်အရွယ် လူနာအမှတ် ၆၆၆၃၊ ၆၃ နှစ်အရွယ် လူနာအမှတ် ၇၁၅၂ နဲ့ ၆၅ နှစ်အရွယ် လူနာအမှတ် ၆၇၂၄ စတဲ့ အမျိုးသမီး ၃ ဦးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ၄၇ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၆၇၇၀ နဲ့ အမှတ် ၂ တပ်မတော်ဆေးရုံ ကုတင်-၅၀၀ (ရန်ကုန်) က ၅၃ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၇၄၅ တို့ သေဆုံးခဲ့တာပါ။

လူနာအမှတ် ၆၇၂၄ က စက်တင်ဘာ ၂၁ ရက်နေ့၊ လူနာအမှတ် ၆၆၆၃ နဲ့ ၇၁၅၂ တို့က စက်တင်ဘာ ၂၂ ရက်နေ့နဲ့ လူနာအမှတ် ၆၇၇၀ နဲ့ ၅၇၄၅ တို့က စက်တင်ဘာ ၂၄ ရက်နေ့တွေမှာ သေဆုံးခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ညက  ၂,၄၂၆ ခု ပထမသုတ် စစ်ဆေးရာမှာလည်း  လူနာသစ် ၅၁၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး  ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၂၄ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၇၂၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် စုစုပေါင်း ၆၈၈ ဦး တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈,၅၁၅ ဦး၊ သေဆုံးသူ ၁၅၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုသူပေါင်း ၂,၃၈၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၁၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013