DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စားသောက်ကုန်ဖြန့်မည့်အစီအစဉ်  ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်ဟု ဦးဇော်ဌေးပြော 
DVB
·
September 24, 2020
ရန်ကုန်တွင် စားသောက်ကုန်ဖြန့်မည့်အစီအစဉ်  ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်ဟု ဦးဇော်ဌေးပြော 
Donate to DVB

ရန်ကုန်မှာ ရာရှင်စနစ်နဲ့ အခြေခံစားသောက်ကုန်ဖြန့်ဝေမယ့်အစီအစဉ်ဟာ လိုအပ်လာရင်  ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ကိုကိုးကျွန်းကလွဲပြီး ကျန်တဲ့မြို့နယ်တွေမှာ  Stay at Home အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် စားသောက်ကုန်တွေကို ရာရှင်စနစ်နဲ့ ဖြန့်ဖြူးပေးဖို့အတွက် စီစဉ်နေတယ်လို့ စီးပွား/ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးခဲ့ကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ရာရှင်စနစ်နဲ့ အခြေခံစားသောက်ကုန်တွေ ဖြန့်ဖြူးရေးအစီအစဉ်မှာ  လိုအပ်လာရင် (လိုအပ်လာမှသာ)ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါပျံ့နှံ့မှုကွင်းဆက်ကို ဖြတ်တောက်ထိန်းချုပ်နိုင်ဖို့အတွက် အဆုံးစွန်ဆောင်ရွက်ရမယ့် အနေအထားကို ရောက်ရှိလာရင် အချိန်ကပ်ပြီး လုပ်ရတာမျိုး အများပြည်သူ ကသီလင်တ ဖြစ်မှာ စိုးတဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသာဖြစ်ပါတယ် ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ညအထိ  ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း ၈,၃၄၄  ဦးနဲ့ သေဆုံးသူ အယောက် ၁၅၀ ရှိရာမှာ အများစုက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်။ 

ရန်ကုန်မှာ ရောဂါပိုးတွေ့ရှိမှု များပြားလာတာကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ ကိုကိုးကျွန်းကလွဲပြီး ကျန်ဒေသ တွေကို Stay at Home နေဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

ကိုဗစ်-၁၉ ပထမလှိုင်းကာလတုန်းကတော့ မြန်မာနိုင်ငံတဝန်းက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အစိုးရက အခြေခံစားသောက်ကုန်ပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့ဖူးပါတယ်။

သတင်း- ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013