DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်းနှင့် အနုပညာရှင်များ ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲတွင်ပါဝင်မည်
DVB
·
September 22, 2020
မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်းနှင့် အနုပညာရှင်များ ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲတွင်ပါဝင်မည်
Donate to DVB

       မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် သီတင်းပတ် ၈ ပတ်မြောက်ပွဲစဉ်မှာတော့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်းတို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

       ဩဂုတ် ၇ ရက်နေ့က စတင်ခဲ့တဲ့ ပွဲစဉ် ၁ မှာတော့ မောင်သိန်းဝင်း ၊ R ဇာနည်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နဲ့ မေလသံစဉ်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၂ မှာတော့ ဂီတမှူးစန္ဒရား ကိုခင်လှ၊ စန္ဒရား တင်ကိုကိုတို့ရဲ့ မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ ထား၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီတို့နဲ့ တခြားအဆိုတော်တွေက ဖျော်ဖြေတင်ဆက်ခဲ့ကြတာပါ။

ဩဂုတ်လ ၂၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၃ အနေနဲ့ အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ နာ မည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝိုင်းစုခိုင်သိန်းတို့အပြင် တခြားအဆို တော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ အောင်လ၊ ဝေလ၊ မေသက်ထားဆွေ၊ ဂျူဝယ်လ်၊ အေးမြဖြူတို့က တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၄ မှာတော့ မြန်မာသံ အဆို တော်ကြီးတွေ ဖြစ်ကြတဲ့ ထား၊ ရီရီသန့်၊ တင်ဦးလေးတို့နဲ့အတူ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေစတဲ့ အဆိုတော်ပေါင်းများစွာက သီဆိုဖျော်ဖြေ ခဲ့ကြတာပါ။

စက်တင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၅ မှာတော့ မေဆွိ၊ ချောစုခင်၊ နီနီ ခင်ဇော်တို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော်ပိုင်၊ ဖိုးကာ၊ ဝေလ၊ အောင်ထက်တို့က အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၆ မှာတော့ ကြိုတင် ကြေညာထားခဲ့သူတွေထဲက ဟဲလေး၊ ဖြူဖြူကျော်သိန်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့က မလာရောက်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့ အဆိုတော်တွေဖြစ်ကြတဲ့ တူးတူး၊ တိုနီသစ်လွင်၊ ဝေကြီး၊ ဂျူနီယာချစ်ကောင်း၊ ကေကေမိုး၊ နန်းဆုဦး၊ ရေချယ် စတဲ့ တေးသံရှင်တွေက Luck Hand တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၇ မှာတော့ အလင်းရောင်၊ ပိုင်တံခွန်၊ စိုးပြည့်သဇင်၊ အေးမြဖြူတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေေဖြစ် ကြတဲ့ ထွန်းထွန်းဝင်း၊ ရန်အောင်၊ စိုးသူ၊ မင်းဦး၊ ဆုပန်ထွာစတဲ့ အနုပညာရှင်တွေက Oasis တေးဂီတအဖွဲ့နဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။

အခုလာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ မြန် မာပြည်သိန်းတန်၊ ဟေမာနေဝင်းတို့နဲ့အတူ ဂျေမောင်မောင်၊ တူးတူး၊ အက်စ်ကဲနက်၊ ယု ဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားကြမှာ ဖြစ် ပါတယ်။

မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ပြည့်နှစ်က ဦးထွန်းရှိန် (ဝိုင် အမ်ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ် လွင်အောင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင် ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့ တာ ဖြစ်ပါတယ်။

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့်ရက်ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013