DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် အထည်ချုပ်အလုပ်သမား ၃ ဦး အပါအဝင် ၆ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
September 22, 2020
ပုသိမ်တွင် အထည်ချုပ်အလုပ်သမား ၃ ဦး အပါအဝင် ၆ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့က အထည်ချုပ်အလုပ်သမား ၃ ဦး အပါအဝင် စုစုပေါင်း ၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံထားရတယ်လို့ ပုသိမ်မြို့ပြည်သူ့ ဆေးရုံကြီးက သိရပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ အထည်ချုပ်အလုပ်သမား ၃ ဦးဟာ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁ ဦးနဲ့ အတူ အလုပ်သွား အလုပ်ပြန် ဖယ်ရီစီးတဲ့သူတွေဖြစ်တော့ ဟီရှန်းအထည်ချုပ်ဝန်ထမ်းရဲ့ နောက်ဆက်တွဲဖြစ်မယ် ယူဆတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

"ပထမဆုံးစတွေ့တဲ့ အထည်ချုပ်ဝန်ထမ်းနဲ့ ဖယ်ရီအတူတူ စီးတဲ့ ညီအစ်မ နှစ်ယောက်နဲ့ ပထမ ဆုံးပိုးတွေ့တဲ့သူနဲ့ အလုပ်အတူတူဆင်းတဲ့ စက်ရုံက တစ်ဦးပေါ့၊ အားလုံးတွေ့တာတော့ ခြောက် ဦးပါ၊ အဲ့အထဲမှ အထည်ချုပ်က သုံးဦးပါတယ်၊ သူတို့နဲ့ သက်ဆိုင်တဲ့သူတွေကိုလည်း အသွားအလာ ကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမှာပါ"လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အထည်ချုပ်အလုပ်သမား သုံးဦးကတော့ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်ရှိ ဟီရှန်းအထည်ချုပ်စက်ရုံက နှစ်ဦးနဲ့ ဒေါင်းလောင်းအထည်ချုပ်စက်ရုံက တစ်ဦးတို့ဖြစ်ကြပြီး ကန်ကြီးထောင့်မြို့နယ်ကနေ ပုသိမ်ကို အလုပ်လာရောက်လာကိုင်သူ တွေဖြစ်ပါတယ်။

နောက်ထပ် ကိုဗစ်-၁၉ အတည်ပြုလူနာ  သုံးဦးကတော့ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်က စာတိုက်ဝန်ထမ်းကြီးကြပ်ရေးမှူး တစ်ဦး၊ သူနဲ့ ခြံဝန်းအတူနေထိုင်တဲ့ အမျိုးသမီး တစ်ဦးနဲ့ အမှတ် ၇ ရပ်ကွက်နေ ရွှေပြည်သာစျေးက အလှကုန်ဆိုင် အရောင်း ဝန်ထမ်း တစ်ဦးတို့ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အထည်ချုပ်အလုပ်သမား ၃ ဦးအပါဝင် ပိုးတွေ့လူနာ ၆ ဦးကို ပုသိမ်မြို့ တိုင်းရင်းဆေးရုံရှိ ကုသဆောင်ကို လွှဲပြောင်းကုသပေးနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅ ဦးအထိရှိနေပြီး နှစ်ဦးကတော့ ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013