DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၆၄ ဦး တွေ့ရှိ၊ လူနာ ၂ ဦး ထပ်မံသေဆုံး
DVB
·
September 21, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၆၄ ဦး တွေ့ရှိ၊ လူနာ ၂ ဦး ထပ်မံသေဆုံး
Donate to DVB

ဓာတ်ခွဲနမူနာ ၂,၆၈၃ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်  ၂၆၄ ဦးတွေ့ရှိပြီး လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၁,၁၉၃ ခု၊ ဆေးသုတေသနဦးစီးဌာန က ၁၆၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၉၃ ခု၊ ပုသိမ်မြို့ - ပြည်သူ့ဆေးရုံကြီးက ၁၄ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၉၁၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၆၈၃ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာသစ် ၂၆၄ ဦးတွေ့ရှိခဲ့တာပါ။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ၈၄ နှစ်အရွယ်အမျိုးသမီး လူနာအမှတ် ၅၃၈၇ နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ၆၂ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၂၉၉ တို့ ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၂,၂၀၉ ခုအား ပထမသုတ် စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ လူနာသစ် ၂၇၈ ဦး တွေ့ရှိပြီး လူနာ ၃ ဦး  ထပ်မံသေဆုံးခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၂၀ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၄၈၉၂ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၅၄၂ ဦး တွေ့ရှိကာ လူနာ ၅ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅,၈၀၅ ဦး၊  သေဆုံးသူ ၉၄ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၁,၂၆၀ နဲ့  စောင့်ကြည့်လူနာအသစ် ၃၉၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013