DVB Logo
Home
မြန်မာသတင်း
အင်းစိန်၊ အောင်ဆန်းတီဘီ ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးထပ်တွေ့
DVB
·
September 20, 2020
အင်းစိန်၊ အောင်ဆန်းတီဘီ ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးထပ်တွေ့
Donate to DVB

စက်တင်ဘာ ၂၀ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်အရ အင်းစိန်၊ အောင်ဆန်းတီဘီဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးထပ်တွေ့တယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

အင်းစိန်၊ အောင်ဆန်းတီဘီဆေးရုံ ဝန်ထမ်းလိုင်းခန်းမှာ စက်တင်ဘာ ၁၇ ရက်နေ့က အတည်ပြုလူနာ ၁ ဦး တွေ့ခဲ့ပြီး အခုထပ်တွေ့တဲ့ ၆ ဦးဟာ သူနဲ့ဆက်စပ်သူတွေဖြစ်ပါတယ်။

“သူတို့က ထိတွေ့လူနာတွေပါပဲ။ positive ဖြစ်တယ်ဆိုတော့ ဆေးရုံကတဆင့်သွားကြတာလေ။ ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ပြီဆိုတာနဲ့ ချက်ချင်း သူတို့နဲ့ထိတွေ့သူတွေကို ရှာဖွေဖို့ အချိန်နဲ့တပြေးညီဆောင်ရွက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်း Lock Down လုပ်သင့်ရင်လုပ်ပေါ့” လို့ ဦးမောင်မောင်ဦးကပြောပါတယ်။

ပိုးတွေ့သူ ၆ ဦးမှာ ၁ ဦးက အမျိုးသားဖြစ်ပြီး ၅ ဦးက အမျိုးသမီးဖြစ်ပါတယ်။ အမျိုးသမီးတွေထဲက တစ်ဦးဟာ ဆေးရုံပေါ်မှာ ဆေးကုသခံနေရသူဖြစ်တယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

“တီဘီဆေးရုံဖြစ်တဲ့အတွက် စိုးရိမ်စရာဖြစ်နေတာ မှန်ပါတယ်။ ဒါကိုလည်း ဆေးရုံနဲ့ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ Lock Down ချဖို့ မချဖို့ကတော့ ကျနော်တို့ ဆုံးဖြတ်လို့မရဘူး။ ကျန်းမာရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချရမှာပါ။”

အင်းစိန်မြို့နယ်ထဲမှာ စက်တင်ဘာ ၂၀ ရက်နေ့အထိ စာရင်းတွေအရ ပိုးကူးစက်ခံရသူ ၁၁၆ ဦးအထိ ရှိနေပြီလို့ အင်းစိန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အတည်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013