DVB Logo
Home
မြန်မာသတင်း
ကျေးသီးတွင် ကျပ်သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
DVB
·
September 20, 2020
ကျေးသီးတွင် ကျပ်သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
Donate to DVB

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်မှာ ငွေကျပ် သိန်း ၅၅၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရပ်ထားတဲ့ကားတစီးပေါ်ကနေ သိမ်းဆည်းရမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ကျေးသီးမြို့နယ် ကျေးသီး-မိုင်းကိုင်သွားကားလမ်းဘေးမှာ TOYOTA HILUX ကားတစီး မသင်္ကာဖွယ်ရပ်တန့်ထားတယ်ဆိုတဲ့ သတင်းအရ စက်တင်ဘာ ၁၈ ရက်မနက်ပိုင်းက ကျေးသီး မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကားပေါ်မှာ ယာဉ်မောင်းမတွေ့ရဘဲ ကာလပေါက်ဈေးကျပ်သိန်း ၅၅၅၇ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၅,၇၅၀ ပြားကို သိမ်းဆည်းရမိပြီး ကျေးသီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်ကာ ကွင်းဆက်တွေ ကို ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013