DVB Logo
Home
မြန်မာသတင်း
ပလက်ဝ ကန့်သတ်နယ်မြေတွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံး
DVB
·
September 20, 2020
ပလက်ဝ ကန့်သတ်နယ်မြေတွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံး
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း သွားလာမှုကန့်သတ်ထားသည့် တားမြစ်နယ်မြေမှာ ဒေသခံ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ တပ်မတော်က ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နေ အမျိုးသမီး ၃ ဦးဟာ စက်တင်ဘာ ၁၈ ရက် မနက် ၈ နာရီလောက်က ပလက်ဝအရှေ့ဘက် မီတာ ၁၀၀၀ ကန့်သတ်နယ်မြေအနီးကို စက်လှေနဲ့သွားရောက်ပြီး ပလက်ဝချောင်းတောင်ဘက်ခြမ်းဝန်းကျင်တဝိုက် မျှစ်ချိုးစဉ် ဒေါ်မေနုသိန်းဟာ နင်းမိုင်း ၁ လုံးအား နင်းမိခဲ့တာပါ။

ဒေါ်တင်တင်အေးနှင့် ဒေါ်မြသန်းတို့နှစ်ဦးက ပလက်ဝမြို့ကို စက်လှေနဲ့ ပြန်လာပြီး အကြောင်းကြားလို့ လူနာအားသွားရောက်ခေါ်ဆောင်ခဲ့ပြီး ပလက်ဝမြို့ပြည်သူဆေးရုံကို ပို့ ဆောင်စစ်ဆေးခဲ့ရာ မိုင်းထိမှန်မှုကြောင့် ဒေါ်မေနုသိန်း သွေးထွက်လွန် သေဆုံးသွားတယ်လို သိရပါတယ်။

အဆိုပါ မိုင်းဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟ သွားလာမှုကန့်သတ်ထားသလို ပလက်ဝချောင်းကိုလည်း အရေးကြီးကိစ္စတွေကလွဲပြီး သွားလာတာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013