DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း ပြည့်တန်ဆာအိမ်၊ အနှိပ်ခန်းနှင့် KTV တို့က လူ ၃၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့
DVB
·
September 20, 2020
တပတ်အတွင်း ပြည့်တန်ဆာအိမ်၊ အနှိပ်ခန်းနှင့် KTV တို့က လူ ၃၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့
Donate to DVB

တိုင်းဒေသကြီး ၄ ခုမှာ တပတ်အတွင်း ပြည့်တန်ဆာအိမ်၊ တရားမဝင် အနှိပ်ခန်းနဲ့ KTV/ Bar/ တို့က လူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ်စည်းကမ်းချက်များအား မလိုက်နာတာကြောင့် KTV/ Bar/တရားမဝင် အနှိပ်ခန်းဖွင့်လှစ်နေမှု၊ ညမထွက်ရအချိန်ကျော်လွန်သွားလာနေမှု၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူတွေကို အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တပတ်အတွင်း စစ်ကိုင်းတိုင်း ပြည့်တန်ဆာအိမ်  ၂ အိမ်က ပိုင်ရှင်နဲ့ ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၅ ဦး၊ တနင်္သာရီတိုင်းရှိ တရားမဝင်အနှိပ်ခန်း ၁ ခန်းက ဆိုင်ဝန်ထမ်းနဲ့ အနှိပ်သမ ၁၁ ဦး၊ ရန်ကုန်တိုင်းက တရားမဝင် KTV ဆိုင် ၁ ဆိုင်နဲ့ အနှိပ်ခန်း ၃ ခန်းတို့က ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း၊ ဧည့်သည်နဲ့ အကူသီဆိုသူ၊ အနှိပ်သမ ၇ ဦး၊ မန္တလေးတိုင်းက တရားမဝင်အနှိပ်ခန်း ၁ ခန်းနဲ့ ပြည့်တန်ဆာအိမ် ၁ အိမ်တို့က ဆိုင်ဝန်ထမ်း၊ အနှိပ်သမ၊ ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ညမထွက်ရအမိန့်ကျူးလွန်တဲ့ အမှုပေါင်း ၂၄၂ မှုနှင့်ကျူးလွန်သူ အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၄၄၄ ဦးကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ နဲ့ အရေးယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာတဲ့ အမှုပေါင်း ၂၀၄ မှုနဲ့ ကျူးလွန်သူ အမျိုးသား၁၅၄ ဦး၊ အမျိုးသမီး ၅၁ ဦး၊ စုစုပေါင်း ၂၀၅ ဦးကို ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ-၁၅ နဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

စိစစ်ချက်တွေအရ သတ်မှတ်စည်းကမ်းချက်တွေ မလိုက်နာဘဲ ညမထွက်ရ အချိန်ကျော်လွန်သွားလာမှု၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာမှုတွေ လျော့ကျသွားခြင်းမရှိတာကြောင့် ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013