DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့ ပညာရေးဝန်ထမ်း ၁ ဦးနှင့် INGO ဝန်ထမ်း ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ 
DVB
·
September 19, 2020
မောင်တောမြို့ ပညာရေးဝန်ထမ်း ၁ ဦးနှင့် INGO ဝန်ထမ်း ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ 
Donate to DVB

ရခိုင်ပြည်နယ်​၊ မောင်တောမြို့မှ ပညာရေးဝန်ထမ်း ၁ ဦးနဲ့ INGO ဝန်ထမ်း ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက DVB ကို ပြောပါတယ်။

“INGO ဝန်ထမ်းတွေရဲ့ Swab နမူနာ ၅၀ ကျော်ကို စစ်ဆေးတဲ့အခါ ၉ ဦး တွေ့တာ ဖြစ်တယ်။ ပညာရေးဝန်ထမ်းကတော့ သံသယလူနာအနေနဲ့ ဆေးရုံတက်နေသူ ဖြစ်တယ်။ Swab နမူနာယူတဲ့ INGO အဖွဲ့တွေထဲမှာ ICRC ပါတယ်။ MSS ပါတယ်။ သူတို့က Public care ထဲကို ဆင်းမယ့် ဝန်ထမ်းတွေအားလုံးကို Swab ယူစစ်ဆေးတဲ့အခါ တွေ့တာ ဖြစ်တယ်။” 

ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်တဲ့ လူနာသစ် ၁၈၆ ဦး စာရင်းထဲမှာ မောင်တောမြို့က ၁၀ ဦး ပါဝင်တာပါ။

စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း ကျန်းမာရေးဝန်ထမ်း ၁ ဦးနဲ့ INGO ဝန်ထမ်း ၄ ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိမှာ မောင်တောမြို့ ပြည်သူဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀ ဆေးကုသမှုခံယူနေပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013