DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဂါးဒန်း ဟိုတယ်၀န်ထမ်းနှင့်သတင်းထောက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့
DVB
·
September 19, 2020
မင်္ဂလာဂါးဒန်း ဟိုတယ်၀န်ထမ်းနှင့်သတင်းထောက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့
Donate to DVB

ပြည်မြို့ မင်္ဂလာဂါးဒန်း ဟိုတယ်၀န်ထမ်းတွေနဲ့ သတင်းထောက်တွေအပါအ၀င် စုစုပေါင်း ၅၈ ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ဘူးလို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မင်္ဂလာဂါးဒန်းဟိုတယ်မှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်း လာပေးတဲ့အထဲက ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တာပါ။

ဒါကြောင့် လက်ထောက်နည်းပြ ၁ ဦးအပါအဝင် သတင်းထောက် ၁၅ ဦးနဲ့ ဟိုတယ်၀န်ထမ်းတ ၄၃ ဦး စုစုပေါင်း ၅၈ ဦးရဲ့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တွေရယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို စက်တင်ဘာ ၁၅ ရက်နေ့က ပို့ဆောင်စစ်ဆေးခဲ့ကာ စက်တင်ဘာ ၁၉ ရက်နေ့မှာ ရောဂါပိုးမတွေ့ကြောင်း အတည်ပြုခဲ့တယ်လို့ ပြည်မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကေခိုင်၀င်းက DVB  ကို ပြောပါတယ်။

“အားလုံး ၅၈ ယောက်ပေါ့။ ရောဂါပိုးတွေ့ရှိတာ မရှိဘူးလို့ အဖြေထွက်ပါတယ်။ အဲဒီလူတွေကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမှာပါ။ ခုတော့ တိုင်းကျန်းမာကို ပြန်တင်ပြရဦးမယ်။” 

ခုရောဂါပိုးမရှိဘူးလို့ အဖြေထွက်တဲ့ သတင်းထောက်တွေကို  ဒုတိယအကြိမ် စစ်ဆေးမှာဖြစ်ပြီး ဟိုတယ်၀န်ထမ်းတွေကိုတော့ အကုန်စစ်၊ မစစ် ဆိုတာကို ပြန်တိုင်ပင်ရဦးမှာ ဖြစ်သလို ဒုတိယအကြိမ် Swab ယူဖို့ ၁၂ ရက်မြောက်နေ့လောက်မှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သင်တန်းကို မီဒီယာကောင်စီနဲ့ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အရှကွန်ရက် (ANFREL) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မကွေး၊ ပဲခူးနဲ့ ဧရာ၀တီတိုင်းက သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၄ ဦး တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း - မင်းထက်မုန်း၊ ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013