DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်နေ၍ ဆိပ်ဖြူတွင် ကြက်သွန်နီ ၁ ပိဿာ ကျပ် ၃၀၀ ကျော် မြင့်တက်
DVB
·
September 19, 2020
ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်နေ၍ ဆိပ်ဖြူတွင် ကြက်သွန်နီ ၁ ပိဿာ ကျပ် ၃၀၀ ကျော် မြင့်တက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်နေတာကြောင့် တပတ်အတွင်း ကြက်သွန်နီ ၁ ပိဿာကို ကျပ် ၃၀၀ ကျော် မြင့်တက်လာတယ်လို့ ဆိပ်ဖြူမြို့နယ်က ကြက်သွန်ကုန်စည်ဒိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။        ‌

“ဘင်္ဂလားဘက်က ဝယ်လက် ဆင်းတယ်လို့တော့ သိရတယ်၊ အဲဒါကြောင့်လည်း စျေးတက်တာ။ ကုန်စည်ဒိုင်က ပိတ်ထားလို့ ကုန်ချိန်တော့ တစ်ရက် ဘယ်လောက် ထွက်နေလဲ တိတိကျကျ မသိရဘူး။ ပွဲစားတွေက များတော့ ရွာတွေအထိ ဆင်းဝယ်နေကြတာ။”

မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်က ကြက်သွန်ကုန်စည်ဒိုင်ကို ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရ စက်တင်ဘာ ၁၃ ရက်နေ့က စတင်ပိတ်ထားတာပါ။

 စက်တင်ဘာ ၁၂ ရက်နေ့က အမြင့်ဆုံးစျေး ကြက်သွန်နီ တစ်ပိဿာ ၄၂၅ ကျပ်သာ ရှိခဲ့ပေမဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ၆၀၀ ကျပ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ ၇၅၀ အထိ မြင့်တက်လာခဲ့တာပါ။

ကြက်သွန်ပွဲရုံ လုပ်ငန်းရှင် ဦးသိန်းဝင်းက “ဒီကနေ ရန်ကုန်ဘက်ကို တင်နေတာ၊ ဒီနေ့အနေနဲ့ဆိုရင်တော့ ဆိပ်ဖြူကနေ ကားဆယ်စီးလောက်တော့ ထွက်နိုင်မယ်ထင်တယ်” လို့ ပြောပါတယ်။

ဆိပ်ဖြူ ကြက်သွန်စျေးဟာ ကိုဗစ် ၁၉ ကာလအတွင်း ငြိမ်သက်နေပြီးတော့ အခုရက်ပိုင်းမှာ ပြန်လည်း လှုပ်ခတ်တာလို့ ဆိုပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013