DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၅ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁၅၄ ဦး တွေ့ရှိ
DVB
·
September 19, 2020
ကိုဗစ်-၁၉ လူနာ ၅ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁၅၄ ဦး တွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ ၂,၇၁၈ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၁၅၄ ဦး ထပ်မံတွေ့ရှိပြီး လူနာ ၅ ဦး သေဆုံးခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၇၅ ဦးနဲ့ အတည်ပြုလူနာ ၄,၆၂၁ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၁,၀၁၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က၂၈၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၆၅ ခု၊ စစ်တွေမြို့ - ပြည်သူ့ဆေးရုံကြီးက ၈၄ ခု၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးက ၁၃ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၆ ခု၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၆ ခု၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ မြဝတီမြို့ - ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ နေပြည်တော်၊ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၁၈၈ ခုနဲ့ - ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၉၂၉ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၇၁၈ ခုအား ထပ်မံစစ်ဆေးခဲ့ပြီး အတည်ပြုလူနာသစ် ၁၅၄ ဦး တွေ့ရှိခဲ့ပါတယ်။

သေဆုံးသွားသူတွေကတော့ ကိုဗစ်-၁၉ ကုသရေးဌာန (ရန်ကုန်) က ၆၄ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၃၅၀၆၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေတဲ့ ၆၂ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၄၃၈၄ နဲ့ ၈၄ နှစ်အရွယ်အမျိုးသမီး လူနာအမှတ် ၄၃၈၂၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့  ၈၅ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၄၄၂၉ နဲ့ ၆၅ နှစ်အရွယ်အမျိုးသမီး လူနာအမှတ် ၄၃၈၉ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လူနာအမှတ် ၄၃၈၂ နှစ်က စက်တင်ဘာ ၁၆ ရက်နေ့က သေဆုံးခဲ့ပြီး ကျန်တဲ့လူနာတွေကတော့ စက်တင်ဘာ ၁၈ ရက်နေ့က သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂,၅၃၄ ခု စစ်ဆေးရာမှာလည်း လူနာသစ် ၁၆၈ ဦးတွေ့ရှိပြီး ၂ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၂၅၂ ခုအား  စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၂၂ ဦး တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄,၆၂၁ ဦး၊ သေဆုံးသူ ၇၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁,၁၃၀ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၃၁၃  ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013