DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦး ထပ်တိုးလာပြီး ပိုးတွေ့လူနာပေါင်း ၁၁၀ ဦးရှိလာ
DVB
·
September 18, 2020
မွန်ပြည်နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦး ထပ်တိုးလာပြီး ပိုးတွေ့လူနာပေါင်း ၁၁၀ ဦးရှိလာ
Donate to DVB

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်  ၁၆ ယောက် ထပ်တိုးလာတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အနေနဲ့ စက်တင်ဘာ ၁၇ ရက်ညပိုင်းမှာ ၇ ဦးနဲ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ၉ ဦးတွေ့ရှိခဲ့ပြီး  စုစုပေါင်း ၁၆ ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာပါ။

လက်ရှိမှာတော့ အတည်ပြုလူနာ ၇ ဦး တွေ့ရှိခဲ့တဲ့ ဘီးလင်းမြို့နယ်က အမှတ် (၂၂) တာယာစက်ရုံကို အသွားအလာကန့်သတ်တဲ့နေရာအဖြစ် သတ်မှတ်ပြီး lockdown လုပ်ထား ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်မှာ ရောဂါပိုးတွေ့ရှိသူ နေ့စဉ်နဲ့အမျှ တိုးလာတဲ့အတွက် ဘီးလင်း၊ မော်လမြိုင်နဲ့ သထုံမြို့က လမ်းတချို့ကို lockdown လုပ်ထားတာပါ။

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၈ ရက်နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၀ ဦးအထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ သေဆုံးသူ  ၁ ဦးရှိပါတယ်။

သတင်း- ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013